Unicode
ငှက်တွေက ဆူဆူညံညံအော်နေကြပြီ။
ငှက်အော်သံနဲ့အတူ သင်္ချိုင်းပတ်လည်က သစ်ပင်တွေကိုလေတိုးသံတွေလဲ ကြားရတယ်။
ညအမှောင်မှာ ပိန်းပိတ်အောင်မှောင်နေတာ သိပ်တော့မထူးဆန်းဘူး။
အလင်းရောင်ရလုလုအချိန်မှာလဲ ပတ်ဝန်းကျင်က အေးစက်ပြီး မှောင်နေဆဲပဲ။
ခြောက်ချားဖွယ်ရာ တိတ်ဆိတ်မှုက လူသူအရောက်အပေါက်နည်းတဲ့ သင်္ချိုင်းမြေဖြစ်နေလို့။မိုးသစ်တောက ငှက်ကလေးတွေရဲ့အသံကို ကြားတာနဲ့ ချက်ချင်းနိုးသွားတယ်။
ညက ဟေဝန်က နားခိုင်းလို့ပဲ ဟေဝန့်လက်ကိုတင်းတင်းဆွဲကိုင်ကာ နားလိုက်တယ်။
ညကတည်းက သိပ်ကိုသိချင်နေတဲ့ အကြောင်းအရာတွေက မိုးသစ်တောရဲ့ခေါင်းထဲကို တန်းစီပြီး ဝင်လာေတာ့တယ်။ပတ်ဝန်းကျင်က တိတ်ဆိတ်နေတယ်။
တဲအိမ်လေးထဲမှာ မိုးသစ်တောတစ်ယောက်ထဲပါပဲ။
ဟေဝန်ရော ဟေဝန့်အမေရော အနားမှာ မရှိဘူး။ဖြေးဖြေးထလာပြီး တဲအိမ်လေးတစ်ခုလုံးကို ကြည့်မိတယ်။ မိုးသစ်တောရဲ့ လှုပ်ရှားမှုကြောင့် တဲအိမ်လေးက တကျီကျီမြည်လာတယ်။
"လူလေး..... နိုးလာပြီလား...."
တဲအိမ်လေးရဲ့ နောက်ဘက်ကနေ အမေ့အသံက ထွက်လာတယ်။
"ဟုတ်..... နိုးပါပြီ..... အမေ.... ဟေဝန်ရော"
အနားကို ဖြေးဖြေးချင်းရောက်လာတဲ့ အမေက ပိန်လှီပြီး သနားစဖွယ်ဖြစ်နေတယ်။ အဝတ်အစားနွမ်းနွမ်းလေးကို ဝတ်ဆင်ထားပြီး အမေက အသက်အရွယ်ကိုခန့်မှန်းလို့မရလောက်အောင် ရောဂါသည်ပုံပဲပေါက်နေပါတယ်။ ငွေရောင်ဆံနွယ်တွေက ဖွာပြီးလွင့်နေတယ်။
ရောဂါက ထင်ထားတာထက် အမေ့ကိုနှိပ်စက်ထားပုံပါပဲ။ တရွေ့ရွေ့ကပ်လာတဲ့ အမေ့လက်ထဲမှာ ပန်းကန်လေးတစ်ခုကို ကိုင်ထားတယ်။
ကြည့်လိုက်တော့ ဆန်ကိုကျိုထားတာ.... ဆန်ပြုတ်လိုမျိုးပဲ။"လူလေး.... အမေ့မှာ ဆန်ပဲရှိတယ်.... လူလေးအတွက် ဆန်ကိုပြုတ်ထားပေးတယ်.... စားလိုက်.... အဟွတ်.... အဟွတ်.... အဟွတ်...."
"အမေရယ်.... ကျွန်တော်က ဘာအရေးကြီးပါ့မလဲ.... အမေက .....အမေကရော.... ဘာစားမှာလဲ.... ကျွန်တော် တစ်ခုခု လုပ်ပေးပါ့မယ်.... ရွာထဲ.... ရွာထဲ...."
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...