part(13)

1.7K 214 18
                                    

Unicode

ဝူးးးးးးအားးးးး

ထိုသတ္တဝါဆီမှ နာကျင်စွာအော်ဟစ်သံနှင့်အတူ မိုးသစ်တောလဲ အောက်ကို ဝုန်းကနဲ ပြုတ်ကျသွားတော့သည်။

"အားးးးသေပါပြီ...."

နာကျင်နေသော ခြေထောက်တွေက မာကျောသောအောက်ခံသားကို ပြင်းထန်စွာထိမိတာကြောင့် ခြေထောက်ဆီက နာကျင်မှုဟာ အသည်းထိခိုက်ခိုက်တုန်သွားတယ်။
မျက်ရည်တွေ အလိုလိုစီးကျလာပြီး ရှိုက်သံထွက်လုလုပါးစပ်ကို တင်းကျပ်နေအောင်ပိတ်ထားရတယ်။

ဘယ်ရောက်သွားပြီလဲ.... ဟိုသတ္တဝါက ဘယ်နားမှာလဲ။
မမြင်ရတဲ့ မှောင်မဲထဲမှာ သတ္တဝါရဲ့လှုပ်ရှားမှုကို မခံစားရဘူး။
အသက်ရှုသံငွေ့ငွေ့တိုးတိုးကိုတော့ ခံစားနေရဆဲ။
ဒါဆို ရှိနေသေးတယ်ပေါ့။

ကိုယ့်ကိုကိုယ်သေလူလို့ သတ်မှတ်ထားပြီးချိန်မှာတောင် ကြောက်စိတ်နဲ့ဝမ်းနည်းစိတ်က လူကို နှိပ်စက်နေတယ်။ နာကျင်မှုတွေကလဲ အေးစက်တဲ့ပတ်ဝန်းကျင်ကြောင့် ပိုတိုးလာတယ်။

မိုးသစ်တော ထပြီးမတ်တပ်ရပ်ဖို့ ကြိုးစားပြန်တယ်။

ဘယ်လိုမှ မတ်တပ်ရပ်လို့မရတော့ပါ။

မိုးသစ်တော ခြေထောက်ကို စမ်းကြည့်မိတယ်။
ခြေကျင်းဝတ်မှာ စေးထန်းထန်းအရည်တွေ.... သွေးလား.... ငါ ခြေထောက်ကျိုးသွားတာလား.... စေးကပ်နေတဲ့အရည်တွေကို နမ်းကြည့်မိတော့ စိမ်းရွှေရွှေအနံ့ကြီး.... သွေးညှီနံ့မဟုတ်ဘူး။
ဘာတွေဆိုတာကိုတော့ မိုးသစ်တော မသိဘူး။

မိုးသစ်တောရဲ့လက်တွေက ခုဏပြုတ်ကျသွားတဲ့ပတ်ဝန်းကျင်ကို ထပ်ပြီးစမ်းနေမိတယ်။
အေးစက်စက်အရာတွေက မြေသားလို့ထင်ရတယ်။
အေးပြီးချောနေတယ်။ အရမ်းလဲ မမာတော့ဘူး။

မြေကြီး....မြေကြီးသာဆိုရင် ငါ လျှိူထဲမှာပဲရှိနေသေးတာလား။
ပတ်ဝန်းကျင်အမှောင်က လျှိူလို့ထင်ရစရာမရှိအောင် မှောင်မဲ တိတ်ဆိတ်လို့။
သစ်ပင်ရှိရင် ပုံသဏ္ဍာန်မြင်ရမယ်လေ... လှုပ်ရှားမှုတွေရှိရမယ်လေ.... အခုက လုံးဝအငြိမ်။

မိုးသစ်တော မြေကြီးပါ်ကို လှဲချပစ်လိုက်တော့သည်။
တက်နင်းပြီးသတ်ချင်သတ်လိုက်တော့...
ကိုက်သတ်ချင်လဲ သတ်လိုက်တော့....
ဘာမှမတတ်နိုင်တဲ့ဘဝရောက်သွားပြီ။
သေဖို့ပါပဲ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now