Unicode
သူ့ နားမှာ ထိုင်ချလိုက်တယ်။
သူက မိုးသစ်တော ထိုင်ချမယ်ပြင်တာနဲ့ ကျောက်ဖျာပေါ်ကိုသွားဖို့ လက်ညှိုးညွှန်ပြတယ်။
ပြီးတာနဲ့ စွေ့ကနဲ ကောက်ပွေ့လိုက်တာ...ကျောက်ဖျာပေါ်မှာ မိုးသစ်တောကို ထိုင်ခိုင်းတယ်။
သူကတော့ အောက်မှာပဲထိုင်တယ်။
အောက်မှာထိုင်နေတဲ့သူနဲ့ အပေါ်မှာထိုင်နေတဲ့ မိုးသစ်တောမျက်နှာက တစ်တန်းထဲဖြစ်နေတယ်။ကဲ..... အခုကစပြီး မိုးသစ်တောက သူ့ကိုနားလည်ဖို့နဲ့ ကိုယ့်ကိုလဲ သူနားလည်ဖို့စပြီး ကြိုးစားရတော့မယ်။
သူ့မှာလဲ ပြောပြချင်နေတဲ့အကြောင်းရှိနေသလိုပဲ။
ကိုယ်ကလဲ သူမပါရင် ဒီဂူထဲကထွက်သွားဖို့မလွယ်ကူသူ။ ဒီတော့ သူနဲ့ကိုယ်ဖြေးဖြေးချင်း နားလည်မှုယူရတော့မယ်။
ခဏနားရင်းပေါ့။ဂူပေါက်ဝက ဝင်လာတဲ့အလင်းရောင်က သူ့ကျောပေါ်ကို ထိုးကျနေတယ်။
ကျယ်ပြန့်တဲ့ကျောပြင်ပေါ်က သူ့ရဲ့ကြမ်းတမ်းတဲ့ဆံပင်တွေက တလွင့်လွင့်....
ပါးပြင်ပေါ်က ရွှေအိုရောင်အမွှေးနုတွေက မှောင်ရိပ်ကြောင့်ပိုပြီး ရင့်နေတယ်။
လက်ပေါ်က အမွှေးလေးတွေကလဲ တလွင့်လွင့်နဲ့ ဖြစ်နေတာပဲ။အရင်ဆုံးထိုင်ခိုင်းပြီးတာနဲ့ သူက ကျောက်ဖျာရဲ့ခြေရင်းကနေ ငှက်ပျောခိုင်တစ်ခိုင်ကိုဆွဲယူလိုက်တယ်။
သူ့ကို မေးခွန်းတွေမေးရမယ်...
သူ့နာမည်....
သူ့ရွာ....
သူ့အကြောင်း....
သူ ကိုယ့်ကို ဘယ်လိုမျိုးကယ်ခဲ့တာလဲ....
အခုလက်ရှိရောက်နေတာက ဘယ်နေရာလဲ....
မေးစရာတွေအများကြီးရှိနေတယ်။ဒါပေမဲ့ သူက မိုးသစ်တောရဲ့ဟာနေတဲ့ ဝမ်းကိုဖြည့်ဖို့ပဲ အရေးကြီးသလိုမျိုး လုပ်နေတယ်။
ငှက်ပျောသီးတစ်လုံးကို ဖြုတ်လိုက်ပြီး မိုးသစ်တော လက်ထဲကို ထည့်ပေးတယ်။
စားဆိုတာကိုလဲ လက်ဟန်နဲ့လုပ်ပြတယ်။မိုးသစ်တောက သူပေးတဲ့ ငှက်ပျောသီးကိုကိုင်ပြီး သူ့ကိုပဲငေးနေမိတယ်။
သူ့မျက်ဝန်းတွေက ပြောနေတဲ့စကားတွေကို မိုးသစ်တော ဘာကြောင့်ကောင်းကောင်းကြီး နားလည်နေတာလဲဆိုတာ တကယ်မသိဘူး။

STAI LEGGENDO
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
Narrativa generaleလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...