part(39)

1.5K 175 48
                                    

Unicode

"လူ တွေ နဲ့ 🎼ဝေး🎼ဝေး 🎼🎼ဝေးတဲ့နယ်မြေ.....အတူတူ သွား... သွား....သွားကြမယ်လေ🎼 .....🎼နက်ရှိုင်းတဲ့ တောရဲ့ 🎼
🎼🎼ရင်ခွင်မှာပျော်နေ.....လေ 🎼......🎼....🎼သဘာဝရဲ့...ရင်သွေးငယ်တွေ....🎼...🎼 ပိုင်ဆိုင်တာအားလုံး စွန့်ကာလေ🎼မနာလိုစရာလဲပဲ မရှိတဲ့မြေ🎼ဘယ်သူမဆို အားလုံး တန်းတူနေ🎼...🎼ညီအစ်ကိုလို🎼🎼ကြင်နာမှု နဲ့လေ 🎼....🎼....🎼 လောကအသစ်တည်နေ....🎼....🎼....🎼

.
.

မိုးသစ်တောနှုတ်မှ သီးချင်းဆိုသံလေး ကြားနေရတယ်။ မိုးသစ်တောနဲ့ဟေဝန် အသီးတွေ ဥတွေရှာဖွေဖို့ ထွက်လာကြတာ။ ကြည်လင်နေတဲ့ကောင်းကင်ကြီးကလှပြီး လေပြေကလဲ တငြိမ့်ငြိမ့်လေး.... ချစ်ရတဲ့ဟေဝန်ရဲ့ လက်ကိုတွဲပြီး တောထဲကို လမ်းလျှောက်သွားလာခွင့်ရတဲ့အခါ လူတစ်ကိုယ်လုံးပျော်ရွှင်မှု ဖုံးလွှမ်းနေတာမို့ သီချင်းလေးပါ ညည်းမိတယ်။
ဒီသီချင်းလေးက အရမ်းကိုသဘောကျပြီး မိုးသစ်တောတို့ကျောင်းမှာဆို ညတိုင်းအဆောင်မှာစုပြီး ဆိုဖြစ်ကြတဲ့သီချင်းလေး။ ခေတ်စားနေတဲ့ သီးချင်းလေး။
အဓိပ္ပါယ် ပြည့်ဝတဲ့ သီချင်းလေး။

မိုးသစ်တောရဲ့ မီးကိုအသုံးပြုပြီးကျွေးမွေးတာတွေ စားပြီးသကာလ ဟေဝန်က အသီးရှာတာထက် ဥတွေရှာတာကို ပိုပြီးအားသန်လာတယ်။ ဒါကြောင့် ရှာဖွေလေ တွေ့ရှိလေဖြစ်ပြီး ပြောင်းဖူးခင်းတစ်ခုတွေ့ထားတယ်။
ပြောင်းခင်းပဲတွေ့တာမဟုတ်ဘူး.... ဝါးတောတစ်ခုပါ ထပ်တွေ့တယ်။ ဝါးတောတွေ့ရုံတင် မဟုတ်သေးဘူး...  မှိုတွေကိုပါ ရှာဖွေတွေ့ရှိတယ်။
ပြောင်းခင်းရှိနေတာက ငှက်တွေကြောင့်ပဲနေမယ်ထင်တယ်။ ကိုက်ချီစားသောက်ပြီး မျိုးစေ့ကျတာမျိုးပေါ့။

မိုးသစ်တောကတော့ ပျော်နေတာပေါ့။

ဟေဝန်က ရေအိုင်ကြီးရှိတဲ့ဘက်မှာ စားသောက်ဖွယ်ရာတွေကို ရှာတာမဟုတ်လို့ပေါ့။ ဟေဝန် ပုံမှန်ခူးတတ်တဲ့အသီးတွေက တခြားတစ်နေရာကချည်းပဲလေ။ ဟိုတစ်ရက်ကပဲ ရောက်ခဲ့သေးတာရော.... ဥတောင် ခူးခဲ့သေးတယ်လေ။ ဟေဝန့် အကျင့်ကိုက သူ့အတွက်စားစရာကို သစ်သီးကလွဲပြီးကျန်တာမစားချင်သူဖြစ်ခဲ့တာ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူDove le storie prendono vita. Scoprilo ora