part(53)

1.3K 107 15
                                    

Unicode

နှစ်ထောင့်နှစ်ဆယ့်တစ်ရဲ့ ဇန်နဝါရီလ သုံးဆယ့်တစ်ရက်နေ့.... ထိုနေ့က တနင်္ဂနွေနေ့....

ရန်ကုန်မြို့လယ်ခေါင်မှာရှိတဲ့ ဧမာနွေလဘုရားကျောင်း....
မင်္ဂလာပွဲတစ်ခုကျင်းပနေတယ်။
ခရစ်ယာန်ထုံးစံအတိုင်းအေးအေးငြိမ့်ငြိမ့်လေးတီးနေတဲ့ စန္ဒယားသံကြားမှာ သတို့သမီးလေးဝင်လာတယ်။
စင်မြင့်ထက်ကနေ သူ့ရဲ့သတို့သမီးကို ငေးကြည့်နေတဲ့သတို့သားမှာ ဝမ်းသာမျက်ရည်တွေရစ်ဝိုင်းလို့ပါပဲ။
ဧည့်ပရိသတ်တွေက သတို့သမီးကို ဖုန်းနဲ့တစ်မျိုး ကင်မရာတွေနဲ့တစ်မျိုး  အလုအယက်မှတ်တမ်းတင်နေကြတယ်။ အမှတ်တရနဲ့ပျော်ရွှင်ဖွယ်အခိုက်အတန့်လေးပေါ့။

မင်္ဂလာရှိသောနေ့ရက်တစ်ရက်ပါပဲ။
တနင်္ဂနွေနေ့ဖြစ်တာကြောင့် ပိုပြီးလူစည်နေတဲ့ဘုရားကျောင်း....
ပုံမှန်ဘုရားကျောင်းတက်ရောက်လာကြသူတွေလဲ ရှိနေတယ်။
မင်္ဂလာပွဲက မနက်ပိုင်းကျင်းပတာဖြစ်တယ်။
မင်္ဂလာပွဲပြီးသွားတာနဲ့ သတို့သား သတို့သမီးနဲ့အတူ သူငယ်ချင်းတစ်စုဟာ မိဘဆွေမျိုးတွေမပါဘဲ tripတစ်ခုကို ထွက်လာကြတယ်။
ဘုရားကျောင်းကထွက်လာပြီးတာနဲ့ လူကြီးတွေက လူငယ်တွေကိုမှာစရာရှိတာ မှာကြတယ်။
လူငယ်တွေဆိုတာကလဲ လူကြီးတွေမှာကြားသမျှကို ခေါင်းသာစွတ်ညိမ့်ခဲ့ကြတာ။ ဘာတွေမှာတာလဲ မမှတ်မိကြဘူး။
သူတို့သိတာက ဒီစုံတွဲရဲ့မင်္ဂလာဦးကို နှစ်ယောက်ထဲဦးခွင့်မပေးချင်တာကြောင့် နည်းလမ်းပေါင်းစုံနဲ့နှောင့်ယှက်ဖို့ပဲ တွေးနေကြတာ။

လက်ဖွဲ့ပစ္စည်းတွေနဲ့ နှစ်ဖက်မိဘဆွေမျိုးများ အိမ်ပြန်သွားကြပြီ။

ကျော်သူ
မိုးသူ
သူရ
အေးလေး
ဝင့်ဝါ...... တို့က ကားတစ်စီး...

သတို့သား ထက်ကောင်းကင် နဲ့ သတို့သမီး ယဥ်စစတို့ကနောက်တစ်စီး သွားကြတယ်။
သူတို့ကားပေါ်မှာ မိန့်မိန့်ကြီးပါလာတာက သုတသုခဇုံ
သူငယ်ချင်းတွေအားလုံးက ဇုံဇုံလို့ခေါ်တဲ့အဆိုးလေး...
အားလုံးထဲမှာ လူကောင်သေးတော့ အငယ်ဆုံးထက်တောင် ငယ်နေသေးတဲ့ ဇုံဇုံပါ။
အရှေ့က ကားပေါ်မှာ ငါးယောက်စီးကြရတယ်။
နောက်ကားပေါ်မှာသုံးယောက်ထဲရယ်။
ဒါကလဲ ကိုဇုံဇုံဂျီကျလို့ သူစိတ်ချမ်းသာအောင် စီစဥ်ပေးကြရတာ။ သူ့နဲ့တူတူ ဝင့်ဝါကစီးပါမယ်ဆိုတာကို ကျပ်တယ်ဆိုပြီး ရှေ့ကားပေါ်အတင်းတက်ခိုင်းတာကြောင့် ဝင့်ဝါမှာ ဆူဆူပွပွနဲ့ပဲ ရှေ့ကားပေါ်ရောက်သွားတယ်။ တော်သေးတာက ထက်မြက်ကားကကြီးပေလို့ပေါ့။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူМесто, где живут истории. Откройте их для себя