part(51)

1.2K 132 14
                                    

Unicode

ရက်အနည်းငယ်အကြာမှာ ရွာနီးချုပ်စပ်တစ်ခုလုံးကို ထိတ်လန့်သွားစေတဲ့ သတင်းတစ်ခုက ဖုံးလွှမ်းသွားတယ်။ ဟိုဘက်ရွာ ဒီဘက်ရွာမှာ ရှိသမျှသောလူအားလုံးမှာ ရက်ပေါင်းများစွာပြောစရာဖြစ်လာတယ်။ ကြောက်ရွံမှုနဲ့အတူ အံသြခြင်းပါခံစားနေကြရတယ်။

အကြောင်းက ဆင်စခန်းနဲ့ငါးမိုင်ကျော်ကျော်လောက်ဝေးတဲ့ နေရာမှာ သစ်ခိုးခုတ်တဲ့လူတွေရှိတယ်။ တကယ်တော့ ဦးမိုးမောင်တို့လဲ အဲ့သူခိုးအုပ်စုကိုဖမ်းဖို့ပါပဲ။ ဖမ်းမိတော့မဲ့ဆဲဆဲမှာ ထိုသစ်ခိုးသူအုပ်စုထဲမှ လူတစ်ယောက်တောကောင်ကြီးဆွဲတာကိုခံရတယ်။ တောထဲမှာ တောကောင်ပေါင်းစုံရှိတာကိုသိကြတာကြောင့် တောထဲဝင်ရင်လက်လွတ်စပယ် ဘယ်သူမှမလုပ်ရဲဘူး။ ကိုယ်သန်ရာ ကျွမ်းကျင်ရာလက်နက်တွေ ပါအောင်သယ်သွားကြသူတွေချည်းသာ။
အခုက....ထူးဆန်းတယ်.... တွေ့မြင်နေကျ ရင်ဆိုင်နေကျ တောကောင်မဟုတ်ဘူး။
ဒါကြောင့် တောကောင်အဆွဲခံရတဲ့သူကို ပြန်ရှာလို့တွေ့တော့ မြင်မကောင်းအောင်ဖြစ်နေပြီ။
ကိုက်ပြီး ဆွဲချီသွားခံရတာကြောင့် သူ့လက်နက်နဲ့သူနဲ့က နှစ်မိုင်လောက်ဝေးတဲ့အထိဖြစ်နေတာကို တွေ့ကြရတယ်။
လူတစ်ကိုယ်လုံးကိုက်ဖဲ့စားသောက်ခံထားရတယ်။
တောကောင်ခြေရာတွေကတဆင့် အကြမ်းဖျင်းကောက်ချက်ချနိုင်တာ ခြင်္သေ့လား.....

ဒီလိုတောကောင်တွေက ဒီဘက်မှာလုံးဝမရှိပါ။
ခြင်္သေ့တွေကျင်လည်ကျက်စားရာနေရာက တောရဲ့အနောက်ဘက်ခပ်ကျကျနေရာ ဖြစ်တယ်။
ဥိးမိုးမောင်တို့ရွာက ရိုးမတောရဲ့အနောက်တောင်ဘက်မှာရှိတာ။
ဆိုတော့ကာ ဒီလိုတောကောင်ကြီးတွေ ဒီဘက်ရောက်လာဖို့သိပ်တော့မလွယ်ဘူး။ ကန့်လန့်ဖြတ်ပုံစံ ရိုးမကိုဖြတ်မှ ရောက်လာနိုင်တဲ့ခရီး။ ဒါ့အပြင် တောလယ်မှာကျောက်တောင်ကြီးတစ်ခုရှိသေးတယ်လေ။
ဒါကြောင့် မကြုံစဖူးထူးဆန်းပြီး ကြောက်လဲကြောက်ကြတော့သည်။

ဦးမိုးမောင်အတွက်တော့ ဖြေရှင်းစရာတစ်ခုပြီးတစ်ခုတိုးလာတာပဲ ဖြစ်သည်။
ဆင်စခန်းထိရောက်လာရင်မလွယ်ဘူးလေ။
ဒါကြောင့် သေချာအောင်စုံစမ်းရတော့သည်။
ရက်အနည်းငယ်အကြာမှာပဲ ထိုအဖြေကို ဦးမိုးမောင်သိရသည်။
ထိုတောကောင်သည် ခြင်္သေ့များဖြစ်သည်တဲ့။
ခြင်္သေ့တွေဆိုတာ အုပ်စုလိုက်တွေ့ရ မြင်ရဖို့မသေချာသော်လည်း အခုတွေ့ရတာ သံုးကောင်ထက်မနည်းဖြစ်သည်ဆိုတော့ တော်တော်လေး အန္တရာယ်များသည်ဟုပဲ တွေးမိရတော့သည်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now