part(3)

2K 230 19
                                    

Unicode

"မင်းသမီးလေးနားကို ခြင်္သေ့ကြီးက ကပ်လာတယ်.... မင်းသမီးလေးက ကြောက်လို့တုန်နေတာပဲတဲ့... ဒါပေမဲ့ ခြင်္သေ့ကြီးရဲ့ မျက်ဝန်းတွေက သူဟာ မင်းသမီးလေးကို ရန်မပြုတဲ့အကြောင်း ပြောနေတယ်တဲ့.... ဒီလိုနဲ့ပဲ မင်းသမီးလေးဟာ ဘာမှ မတတ်နိုင်ဘဲ ခြင်္သေ့ကြီးနားမှာ နေထိုင်ရတော့တယ်တဲ့.... ခြင်္သေ့ကြီးက မင်းသမီးလေးကို ဂူကြီးထဲကနေ ဘယ်မှ မထွက်ခိုင်းဘူးတဲ့...... သိပ်ပြီးလဲ ဂရုစိုက်တယ်တဲ့.... ကြာတော့လဲ ခြင်္သေ့ကြီးရဲ့ အကြောင်းကိုသိလာပြီး မင်းသမီးလေးက မကြောက်တော့ဘူးတဲ့.... သူ့ဖခင်ဘုရင်ကြီးနဲ့ မိဖုရားကြီးကိုသတိရပြီး ငိုတဲ့အခါ ငိုသေးတာပေါ့.... နောက်ဆုံတော့... မင်းသမီးလေးက.... ခြင်္သေ့ကြီးနဲ့ရသွားပြီး သားလေးတစ်ယောက်မွေးဖွားတယ်တဲ့....."

"သူ့နာမည်က....သီဟဗာဟု"

မိုးသစ်တောအသံ ထွက်လာတယ်။
အမေက ဒီနာမည်ကို မိုးသစ်တောပြောမှာကို ကြိုသိတော့ ပုံပြင်ပြောလက်စကို ရပ်ပေးလိုက်တယ်။

"အင်း.... သီဟဗာဟုဟာ မိခင်ကိုတူပြီးသိပ်ချောတယ်တဲ့.... ဖခင်ခြင်္သေ့ကြီးကိုတူပြီး ခွန်အားလဲ သိပ်ပြီး ကြီးတယ်တဲ့.... မိခင်က သီဟဗာဟုကို ညအိပ်ယာဝင်တိုင်း နန်းတော်ကြီးအကြောင်းကို ပုံပြင်လိုပြောပြတယ်တဲ့.... ဖခင်ခြင်္သေ့ကြီးကလဲ တောထဲမှာတတ်အပ်တဲ့ အမဲလိုက်ခြင်းကို သင်ပြပေးတယ်တဲ့.... ဒါကြောင့် သီဟဗာဟုဟာ မိခင် ဖခင်တို့ရဲ့အားကိုးရာဖြစ်လာတယ်တဲ့.... မိခင်က အိမ်ရှေ့မင်းသားဖြစ်စေချင်ပြီး သူ့သားလေးနဲ့သူ ဒီတောကြီးထဲက ထွက်သွားပြီး နန်းတော်ကိုပြန်ချင်နေတယ်တဲ့.... ဖခင်ခြင်္သေ့ကြီးကလဲ သူ့သားလေးကို ဒီတောရဲ့ဘုရင်ဖြစ်စေချင်တယ်တဲ့"

"အင်း..... "

"မင်းသမီးလေးဟာ သီဟဗာဟုရဲ့ ခွန်အားကြီးမားမှုကြောင့် သားကိုအားကိုးပြီး တောထဲကထွက်ပြေးနိုင်ဖို့ ကြိုးစားတော့တယ်.... တစ်နေ့မှာတော့.... ခြင်္သေ့ကြီးဟာ တောကောင်ရှာရင်း ဂူဆီကို ပြန်လာဖို့ နောက်ကျသွားတယ်... အဲ့ဒီ အခွင့်အရေးကို မင်းသမီးလေးကအသုံးချပြီး သားအမိနှစ်ယောက် ထွက်ပြေးကြတယ်ပေါ့..... မင်းသမီးလေးက နန်းတော်ကိုပြန်ပြီး ရောက်သွားတယ်"

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now