part(36)

1.5K 179 72
                                    

Unicode

တစ်ရက်ကို စကားငါးခွန်းသင်ကြတယ်။
ဥပမာ..... စား.... နား..... သွား.... မှား.... ကြား
နေ့စဥ်သုံးနေကျစကားလုံးတွေကိုမှ အသံတူရာတွေ စုပြီး သင်ပေးရတယ်။
အမူအယာနဲ့လဲ လုပ်ပြရတယ်။
စိတ်အားတက်ကြွစွာ သင်ယူချင်စိတ်အပြည့်နဲ့ ဟေဝန်က သေသေချာချာသင်ယူတယ်။
တစ်နေ့ကိုစကားလုံးငါးလုံးဆိုတာ နည်းတယ်။
သင်လာတာ တစ်ပတ် ဆယ်ရက်ဆိုရင်ပဲ ဟေဝန်က စကားလုံးတော်တော်များများကို သင်ပြီးပြီ။
မိုးသစ်တောက စကားသင်ပေးတာက မှန်ပါရဲ့။ သေသေချာချာ သင်တတ်တာတော့ မဟုတ်ဘူး။
ဒီလောက်သင်တတ်နေတာက ရွာမှာ ဆရာလေးကိုစာကူသင်ပေးခဲ့သေးတာကြောင့်ပါ။

နေ့တိုင်းပဲ အပြင်ထွက်ချင်နေတဲ့ မိုးသစ်တောက လက်တွေ့ပြရတဲ့အခါ အပြင်မှာပြချင်တယ်။
ဘယ်လိုမျိုးလဲဆိုတော့... လမ်းလို့ပြောလိုက်ရင် လမ်းလျှောက်ရင်းသင်ချင်တယ်။
သစ်သီးလို့ပြောလိုက်ရင် အသီးတွေရှိရာကို ခေါ်သွားပြီး ပြချင်တယ်။
ဒါကြောင့် နေသာပြီး လှတဲ့နေ့တွေတိုင်း အပြင်ထွက်ကြတယ်။

ပတ်ဝန်းကျင် မြင်ကွင်းက မြင်လေသမျှကို သင်ကြတယ်။ ဟေဝန်က ပြောသမျှနားလည်နေတာကြောင့် သင်ရတာ တကယ်ပဲ မခက်ခဲဘူး။
သူ ပြောဖို့ပဲလိုတာ.... ဟေဝန့်ကို နေ့တိုင်းစကားပြောစေရတယ်။

သြပြီးအသံလုံးကြီးကြီးနဲ့ တိုးတိုးပြောလဲ အမြင့်သံကြီးထွက်လာတဲ့ ဟေဝန့်အသံကို ကြားလို့မဝဘူး။
ဟေဝန်က ဉာဏ်ရည်လဲ သူမတူအောင်ထူးတယ်လေ။
တစ်နေ့ကိ​ု စကားလုံးငါးလုံး.... ခုနှစ်လုံး....ဆယ်လုံး.... တိုးကာ တိုးကာသင်ရင်းပဲ ဟေဝန် စကားလုံးတွေကို ပြောတတ်နေပြီ။
.
.
.

"ဟေဝန်....."

"ဗျ....."

သူ ထူးတတ်နေပြီ..... သင်ပေးတာတော့ မဟုတ်ဘူး။
ဟိုတစ်ရက်ဆီတုန်းက ဟေဝန်က မိုလို့ခေါ်တာကို ဟေဝန်လို့ပြန်မထူးပဲ ဗျလို့ ထူးလိုက်မိတယ်။
ဆရာသမားက မှတ်ထားပြီး ပြန်သုံးတတ်တာ။

"ပန်းတွေ.... လိုချင်တယ်.... ပန်းလေ.... လှတဲ့ ပန်း"

"ရှိ...."

"သွားရအောင်လေ...."

ခေါင်းခါတယ်....

"ဘာလို့လဲ.... ပန်းတွေ လိုချင်လို့ တောထဲဝင်လာတာ.... အခု ပန်းလဲတစ်ခုမှ မရသေးဘူး.... ဟေဝန်ရဲ့"

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူDove le storie prendono vita. Scoprilo ora