part(49)

1.2K 139 25
                                    

Unicode

ဟေဝန့်အတွက် စားရေးသောက်ရေးဟာ ခက်ခဲတာတော့မဟုတ်ဘူး။ လွယ်လဲ လွယ်ကူမနေဘူး။
ထမင်းနဲ့ကောက်ညှင်းလိုမျိုးက ဗိုက်ပြည့်တာမို့ သက်သတ်လွတ်လဲ ဖြစ်တယ်ဆိုပြီးကျွေးရတယ်။
မိုးသစ်တောကျွေးတာဆို ဟေဝန်က စိတ်ချလက်ချစားရှာပါတယ်။ ခက်တာက ဟေဝန်စားခဲ့သမျှဟာ အစာကြေလွယ်တဲ့ သစ်သီးတွေသာ။
အခုတော့ သူ့အတွက်သစ်သီးသစ်ဖုဆိုတာက တောကြီးထဲမှာရှာဖွေလို့ရသလိုတော့ ဘယ်ဟုတ်ပါ့မလဲ။

ဟေဝန်က သစ်သီးတွေကိုချည်းပဲစားတယ်။ တော်တော်များများစားရတယ်ပေါ့လေ။
မိုးသစ်တောလဲ ဟေဝန့်အတွက် ရနိုင်သမျှကိုရအောင်ရှာပေးပါတယ်။ မစံပယ်ကလဲ ရှာဖွေပေးပါတယ်။
ရွာမှာများသောအားဖြင့်ရှိတာက ငှက်ပျောသီး သင်္ဘောသီး သရက်သီး နာနတ်သီး မာလကာသီး စတာတွေပေါ့လေ။ ဟေဝန်စားနိုင်သလောက်က နေ့တိုင်းမရဘူး။

တစ်ရွာလုံးက အဆာပြေဆိုရင်လဲဒီလိုသစ်သီးပဲစားကြတာ။ ရွာမှာ မုန့်ရယ်ဘာရယ်ဝယ်စားလို့ရကြတာမှ မဟုတ်တာ။ မနက်စာဆိုတာကိုလဲ ကိုယ်တိုင်ချက်ပြုတ်ပြီးစားကြတာပဲလေ။ ကောက်ညှင်းပေါင်း အကြော်စုံ မုန့်ဟင်းခါးသည်တွေတော့ရှိပါတယ်။ ဒါပေမဲ့ ဟေဝန်ကဆီနဲ့ကြော်ထားတာကို လုံးဝမစားနိုင်ရှာဘူး။ သက်သတ်မလွတ်တာတွေကိုလဲ စားလို့မရဘူး။
ကောက်ညှင်းကိုတော့ စားတယ်။ သူ စားနေကျမဟုတ်တော့ အဆာမကြေဘူး။ လှုပ်လှုပ်ရှားရှားမလုပ်ရတာလဲ ပါတာပေါ့။ တောထဲမှာဆိုရင် ဟေဝန်က တစ်တောလုံးကို တလွှားလွှားနဲ့ သွားလာနေထိုင်ခဲ့တာ။

ရွာကိုရောက်ပြီး ဆယ်ရက်လောက်အကြာမှာပဲ ဟေဝန်နေမကောင်းဖြစ်ချင်တယ်။ အဆာမကြေဖြစ်တာပါ။
ရွာမှာရှိတဲ့ ဆရာလေးကိုခေါ်ပြီး ပြရတယ်။
ဟေဝန်က အရမ်းကိုကြောက်လန့်နေရှာတယ်။

မိုးသစ်တောမှာ ဟေဝန့်ကိုကြည့်ပြီး မငိုမိအောင်ထိန်းထားရတာပါပဲ။ ကိရိယာတန်ဆာပလာအစုံအလင်နဲ့ သူ့ကိုစမ်းသပ်နေတာကိုလဲ မျက်လုံးညိုညိုတွေနဲ့လိုက်ကြည့်ပြီး မိုးသစ်တောရဲ့လက်ကိုမလွှတ်တမ်း ဆွဲကိုင်ထားတယ်။ ရွာကိုပြန်ရောက်ပြီးမှ ပထမဆုံးအသားချင်းထိရတာလို့တောင်ပြောလို့ရတယ်။
လူတွေရှေ့ဆိုပေမဲ့ လုံးဝကိုဟန်မဆောင်နိုင်လောက်အောင် ဟေဝန်ကြောက်လန့်နေတာကြောင့် မိုလေးလက်ကို အားကိုးတကြီးဆုပ်ကိုင်ထားရတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူOù les histoires vivent. Découvrez maintenant