part(38)

1.4K 168 24
                                    

Unicode

မိုးတပြိုက်နှစ်ပြိုက်ရွာထားတာကြောင့် ကြည့်လေရာနေရာတိုင်း စိမ်းဝါဝါအရောင်နဲ့ အရမ်းကိုလှတယ်။
သစ်ပင်တွေပေါ်မှာ ကပ်ကျန်ခဲ့တဲ့ မိုးရေစလေးတွေက နံနက်ခင်းနေရောင်ခြည်ကြောင့် စိန်ပွင့်လေးလိုတလက်လက်နဲ့ မြင်လေရာနေရာတိုင်း လှပလွန်းတယ်။

ဂူပေါက်ကိုထွက်လိုက်တာနဲ့.... သစ်ပင်ကြီးပေါ်က ပြေးဆင်းလာတဲ့ မျောက်ဝံကြီး.... ဟေဝန့်ကို တွေ့ရင် အမြဲပြေးဆင်းလာတတ်တယ်။ သူတို့နေထိုင်ရာသစ်ပင်က ဂူပေါက်ဝကသစ်ပင်တွေမဟုတ်ဘူး... ခပ်လှမ်းလှမ်းက သစ်ပင်ကြီးတစ်ပင်ပေါ်မှာ နေကြတာ။
မျောက်ဝံတွေအများကြီးရှိနေတာပေမဲ့ ဆူဆူညံညံအသံ အရမ်းမထွက်ဘူး။ သူတို့ပြေးဆင်းလာမှပဲ တွေ့ရတာ။ ဟေဝန်က မျေက်ဝံကြီးကို မလိုက်ခိုင်းတာကြောင့် ဂူရှေ့မှာပဲ ကျန်နေခဲ့တယ်။ ဂူနဲ့မလှမ်းမကမ်းမှာ မျောက်ဝံတွေက ဟေဝန်နဲ့အနီးကပ်နေတယ်ပဲ ဆိုပါတော့။ ကိုယ်ရံတော်ကြီးတွေက မတွေ့ရတာများတယ်။ တစ်ခါတစ်ရံမှသာ ရောက်လာတတ်တာ။
.
.
.

ဟေဝန့်လက်မောင်းကိုခိုကာတွဲရင်း ဆော့​ပြီးလိုက်ပါလာတဲ့ မိုးသစ်တော။
လမ်းလျှောက်နေရင်းကပဲ တွဲခိုလိုက်ပြန်ရော... ဟေဝန်က လက်မောင်းကိုမြှောက်လိုက်ရင် မိုးသစ်တောရဲ့ ခြေထောက်တွေက မြေနဲ့လွတ်သွားတယ်။
တွဲခိုစီးတာညောင်းရင် လမ်းပြန်လျှောက်လိုက်နဲ့ ဆော့နေတာ။

ဟေဝန် လာရာလမ်းတစ်လျှောက်မှာ အမျိုးအစားများစွာသော အကောင်ကြီးငယ်တွေ တွေ့ရပေမဲ့ ဟေဝန့်ကို ရှောင်ပေးတယ်။ လူသားစစ်စစ်တစ်ဦးပါလာတော့ ပိုပြီးရှောင်ကြတာပေါ့။
ဟေဝန်က မျောက်ဝံကြီးနဲ့ ခြင်္သေ့ကြီးတွေကိုပဲ စကားပြောပါတယ်။ လိုအပ်ရင် ငှက်တွေနဲ့ ​ပြောတာတော့ တွေ့ဖူးသားပဲ။
ကြားရဖန်များတော့လဲ ဟေဝန်တို့ တောတွင်းစကားကို နားထဲမှာမဆန်းသလိုပဲ။ နားတော့ ဘယ်လည်ပါ့မလဲလေ။

.
.
.

တောနာနတ်တွေကအများကြီးပဲတွေ့ရတယ်။
နာနတ် ငှက်ပျော သစ်တော်.... ဒါတွေပဲစားနေရတော့ ငြီးငွေ့သားပါပဲ။ ဟေဝန်က စားနေကျဖြစ်တော့ အဆင်ပြေတယ်။ မိုးသစ်တောက အသားစားချင်တာတော့မဟုတ်ပေမဲ့ နေ့တိုင်းဒီအသီးတွေချည်းစားရတော့လဲ ငြီးငွေ့တယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now