part(23)

1.4K 186 33
                                    

Unicode

"ဟင်း......"

တမေ့တမော ငေးရင်း မိုးသစ်တောက တောတစ်ခုလုံးကိုကြည့်မဝသေးဘူး။
ကြာတော့ ခါးဆီက ဟေဝန့်လက်ကတင်းလာပြီး သက်ပြင်းသံ လေးလေးဝါဝါကြီးကိုကြားမှ ဟေဝန့်ကိုသတိရတော့တယ်။

"ဘာလဲ  ..... ဘာလဲ....ဟေဝန်.... ထိုင်ရတာ အဆင်မပြေဘူးလား"

ဟေဝန့်ပါးပေါ်က ရွှေရောင်မွှေးညင်းနုလေးတွေကို ပွတ်သပ်ရင်း မေးမိတယ်။
နေရောင်ဝါအိအိလေးက သစ်တောကြီးပေါ်ကျနေသလို ဟေဝန့်ပါးပြင်ပေါ်ကိုလဲ ရောက်နေတယ်။
လေနဲ့အတူလွင့်နေတဲ့ ရွှေရောင်အမွှေးနုလေးတွေကို သပ်နေမိတာ မရပ်ဘူး။
ရီဝေဝေနဲ့ မျက်ဝန်းအိုင်ငယ်လေးရဲ့ မျက်ဆံညိုတွေက အရမ်းလှနေပြန်တယ်။
ဟေဝန်က တောရဲ့အလှတစ်ခုလား။

မိုးသစ်တောက သူ့ကို ပေါင်ပေါ်တင်ထားရတာ လေးလာပြီလားရယ်လို့ ထင်မိတာလေ။
ဒါပေမဲ့ ဟေဝန့်မျက်ဝန်းအိုင်ညိုလေးရဲ့ အပြောအရတော့ အဲ့လိုဟုတ်ပုံမရဘူး။
တစ်ချက်တော့ လန့်သွားတယ်။
ဒိတ်ကနဲ တုန်သွားတဲ့ ရင်ထဲကအကြောင်းက ဟေဝန်စိုက်ကြည့်နေလို့ဖြစ်တာ။

ရှက်ပြီး မျက်နှာလေးရဲဗလောင်းနီလာတဲ့ အခါ ဟေဝန်က ထပ်ပြီး တစ်နေရာကိုညွှန်ပြတယ်။
ဟေဝန်က မိုးသစ်တောရှက်သွားတာသိလို့ တခြားအာရုံတစ်ခု ပြောင်းလိုက်ပြီ။
တောတွင်းသားရဲ့လှည့်ကွက်မှာ မြို့သားတစ်ပိုင်းက လည်ထွက်သွားတာပေါ့။
ဟေဝန်က အလည်ပဲ။

"ဘယ်ကိုကြည့်ခိုင်းတာလဲ ဟေဝန်"

မိုးသစ်တောရဲ့အာရုံက ဟေဝန်ညွှန်ပြရာနေရာကို စူးစူးစိုက်စိုက် ကြည့်မိတယ်။

"အ....မေ"

"ဟင်....ဟေဝန်..... အဲ့ဒါ ဘယ်နားမှာလဲ.... ကျွန်တော်မတွေ့ဘူး.... ဘယ်နားမှာလဲ အမေက"

မိုးသစ်တောရဲ့ခေါင်းကိုဆွဲယူပြီး ညွှန်ပြချင်တဲ့နေရာတည့်တည့်ကို လှည့်ပေးတယ်။
ပြီးတာ့ ဟေဝန်ကသူ့ကိုယ်ကြီးကို ကိုင်းချလိုက်ပြီး မိုးသစ်တောရဲ့ မျက်နှာနားကို သူ့မျက်နှာနဲ့တစ်တန်းထဲထားပြီး ကပ်လာတယ်။

အိုး..... ဒုက္ခပါပဲ ဟေဝန်ရယ်.....

ဟေဝန်က သေသေချာချာတိတိကျကျ ညွှန်ပြတယ်။
တော်တော်လေးဝေးပြီး မှုန်ပျပျ အလင်းထိနေတဲ့နေရာမှာ ရွာလို့ထင်ရတဲ့ နေရာက မီးခိုးတန်းလေးကို တွေ့မိလာတယ်။
မြင်တယ်..... မှုန်ပျပျမီးခိုးတန်းလေးကို မြင်ရတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now