ပြောပြချင်တာလေး.....

1.6K 83 41
                                        

Unicode

ဇာတ်လမ်းက ဘယ်ကိုကွေ့သွားပြီလဲဆိုတာရိပ်မိလောက်ပြီထင်ပါတယ်။
မရိပ်မိလဲ စောင့်နော်😁

ဆိုတော့ကာ..... မြန်မာပြည်ကအာဏာသိမ်းခံလိုက်ရပါပြီ။ ကိုယ်လဲ ဒီဇာတ်လမ်းလေးကို ကြိုးစားပြီး... ပိုပြီး ပိုပြီး ကြိုးစားပြီးရေးနေပါ့မယ်။
Updateက အကန့်အသတ်မရှိနားရပါလိမ့်မယ်။
ရေးချင်တဲ့ အကြောင်းအရာတွေက update လို့မရနိုင်သေးတာကြောင့်ခဏရပ်နားရခြင်းပါ။ ဒီလောက်ဆို သိနိုင်ကြပြီမှလား။
သေချာစာတွေစစ်ပြီးလို့ တင်ပေးလို့ရနိုင်တဲ့အပိုင်းတွေကို တင်ပေးမှာပါ။

ဘာကြောင့် ဒီရက်ပိုင်းမှာ လက်တွေကိုက် ဆေးတွေသောက်နေရင်းကြားက အသည်းအသန် up တာလဲဆိုတော့ဒီအပိုင်းတွေ ဖတ်စေချင်လို့ပါ။
ကိုယ့်အတွက် အမှတ်တရတွေရှိနေတာမို့ နေ့ရက်တွေကို တိတိကျကျချိန်ပြီး up ပေးတာပါ။ နားပါလို့ဝိုင်းပြောတဲ့ကြားက ရေးနေမိတာက နိုင်ငံရေးသွေးဆူချိန်ဆိုရင်ကိုယ်တကယ် ဒါကိုဆက်မရေးဘဲ မနေနိုင်တော့လို့ပါ။ ပြောမယ်ဆိုရင် ကိုယ့်အတွက်စိတ်ဖြေစရာက ဒီficလေးဖန်တီးနေရတာပဲနဲ့ ထင်ပါတယ်။ တို့တိုင်းပြည်က ရယ်ရတယ်လေ😂😂😂😂
မျက်ရည်ကျအောင် ရယ်ရပါတယ်။

မနေ့က ဟေဝန်သေဆုံးခဲ့တယ်ဆိုတဲ့အပိုင်း.... ဒီဇင်ဘာခြောက်ရက်နေ့ တင်ပေးခဲ့ပါတယ်။

စိတ်ကူးယဥ်ဇာတ်လမ်းတစ်ခုကို အပြင်လက်တွေ့နဲ့ရောစပ်ဖန်တီးမိနေပါပြီ။ ကြိုတင်တွေးထားတာကလဲ ဒီလိုပဲဆိုတော့ တွေဝေနေရင်းရေးမိပါတယ်။
ဘာကိုတွေဝေတာလဲဆိုတော့ မှားသွားမှာကြောက်တာပါ။ စာတွေ့ လက်တွေ့တွေရှိခဲ့ပေမဲ့ ရေးရင်းအမှားတစ်စုံတစ်ရာရှိမှာ စိုးရိမ်မိပါတယ်။
အကယ်လို့များ နောက်အပိုင်းတွေမှာ ရေးရင်းနဲ့ထောက်ပြဝေဖန်စရာရှိခဲ့ရင် အားမနာဘဲ ပြောပြပေးပါ။ ကိုယ်က အရမ်းရေးချင်လွန်းလို့ရေးပြီး တင်ပြမိတာကိုနားလည်ပေးပြီး အပြုသဘောနဲ့စိတ်ကြိုက်ဝေဖန်နိုင်ပါတယ်။

ကြိုးစားရေးချင်ပါတယ်။
ချစ်ပေးကြပါအုံးနော်။

ချစ်ခြင်းမေတ္တာအားဖြင့်♥

aerii

Zawgyi

မရိပ်မိလဲ စောင့်နော်😁





ချစ်ပေးကြပါအုံးနော်။


aerii

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူМесто, где живут истории. Откройте их для себя