Unicode
"လူ.... တွေ.... နဲ့.... ဝေး ....ဝေး.... ဆို ....ပါ"
ဟေဝန်က ပြောတယ်။
.
.
.ဟေဝန့်နောက်ကိုလိုက်လာခဲ့တာ ရက်ပေါင်းခြောက်ဆယ်ပြည့်ပြီ။
ဟေဝန်က စကားလုံးတွေတော်တော်များများသိနေပြီ။
သိပ်ပြီးမပြောသေးပေမဲ့ ပြောတတ်နေပါပြီ။မိုးမရွာတာ နှစ်ရက်ရှိပြီမို့ ဂူပြင်ကို ထွက်ပြီးထိုင်နေကြမိတယ်။ မိုးဆက်တိုက်ရွာထားတာကြောင့် စိမ်းစိုဝါဝင်းပြီး မြေနံ့သင်းသင်းလေးကိုလဲရနေတယ်။
လေကပြေပြေလေးတိုက်နေတာကြောင့် အရမ်းကို နေသာထိုင်သာရှိတဲ့ ရာသီဥတုလေးပေါ့။မိုးရာသီကအလှဆုံးရာသီဖြစ်တယ်။
မိုးသည်းသည်းမည်းမည်းမရွာခင်အချိန်လေးကို ကြိုက်တယ်။ မိုးရွာပြီးအချိန်လေးကိုလဲ ကြိုက်တယ်။
နေရောင်ရှိပေမဲ့မပူဘူး။
လေလေးက တကယ်ကိုညှင်းသွဲ့သွဲ့တိုက်ခတ်နေတယ်။
မိုးရေသောက်သုံးထားတဲ့သစ်ပင်တွေက လေထုကိုသင်းပျံ့နေစေတယ်။ အောက်ဆီဂျင်ကို လုံလုံလောက်လောက်နဲ့ သန့်သန့်စင်စင်ထုတ်ပေးနေတဲ့အချိန်ပဲ။
ဟေဝန့်တောရဲ့အလှက တမူထူးတယ်။
ဝါဝါဝင်းဝင်းရှိလှတယ်....စိမ်းစိုစိုလဲဖြစ်နေတယ်။
အစိမ်းနဲ့အဝါကို မျှနေအောင်ဖောက်ယက်ထားတဲ့ အလှဆုံးတောကြီးပေါ့။ဂူပြင်မှာထွက်ပြီး နှစ်ယောက်သားထိုင်မိကြပေမဲ့ ထူးထူးဆန်းဆန်းပါပဲ။ မျောက်ဝံတို့လုံးဝမလာဘူး။
ဟေဝန် တစ်ခုခုပြောဆိုထားပုံရတယ်။
ဟေဝန်က မိုလေးကိုအရင်ကထက်ပိုပြီး သဝန်တို အူတို ဖြစ်လာပါတယ်။ သူကလွဲရင် ကျန်တဲ့ဘယ်သူမှ မိုလေးအသားကိုထိတာ မကြိုက်ပါဘူး။ဒီရက်ပိုင်း ထူးခြါးတာကတော့ ခြင်္သေ့ကြီးတွေ နေ့စဥ်လိုလိုပဲ ရောက်လာကြတယ်။ ဟေဝန့်ကိုလာတွေ့ကြတာ မြင်နေတယ်။ မေးတော့မေးမကြည့်မိသေးဘူး။
တစ်ခါတစ်လေ တစ်ကောင်စ နှစ်ကောင်စပဲလာတယ်။
တစ်ခါတစ်ရံတော့ အုပ်စုလိုက်ကြီး ရောက်လာကြတယ်။
.
.
.အခု....စကားသင်နေရင်း ဟေဝန်က သီချင်းဆိုခိုင်းနေတာပါ။ သဘာဝရဲ့ရင်သွေးငယ်လို့ အမည်ရတဲ့သီချင်းကို မိုးသစ်တောကကြိုက်သလို ဟေဝန်လဲ ကြိုက်ပုံရပါတယ်။ သီချင်းမဆိုတာကြာရင် ဟေဝန်က အဲ့သီချင်းလေးကို ဆိုခိုင်းတတ်တယ်။ သီချင်းက တောအကြောင်းရေးဖွဲ့ထားတယ်လို့များ ဟေဝန် ထင်နေလေသလား မသိပါဘူး။

ESTÁS LEYENDO
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
Ficción Generalလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...