part(11)

1.7K 202 11
                                    

မိုးသစ်တော ကောင်းကင်ကိုမော့်ကြည့်တော့ နေရောင်က မမြင်ရသလောက်ဖြစ်သွားပြီ။ နာရီကြည့်မိတော့ လေးနာရီကျော်နေပြီ..... ငါးနာရီ ထိုးလုလု။
ရှေ့ကိုဆက်ပြီး လျှောက်နေလို့ မဖြစ်တော့ပါ။
မိုးသစ်တော နောက်ကြောင်းကို ပြန်လှည့်ပြီးလျှောက်ဖို့ ပြင်သည်။

သို့သော်.... မိုးသစ်တောသည် လမ်းမှန်ကိုမရွေးတတ်တော့ပါ။ စိုးရိမ်စိတ်နဲ့အတူ သားကောင်တွေတွေ့မှာလဲ ကြောက်မိသည်။
ခုဏ တောဝက်ကို မိုးသစ်တော တစ်ယောက်ထဲသာ ရင်ဆိုင်ရပါက ဒုက္ခများမည်သာဖြစ်သည်။
ကျော်ထက် လက်မြန် ခြေမြန်ရှိပေလို့သာပဲ။

တချွတ်ချွတ် အသံကိုကြားရင် လှမ်းလက်စခြေလှမ်းကိုရပ်ကာ နားစွင့်ရသည်.... အသံလာရာကို သေသေချာချာကြည့်ရသည်။
ဘာသံမှ ထပ်မကြားရမှ ဆက်ပြီးလျှောက်ရသည်။
အမှောင်သည် လေအေးများနှင့်အတူ ရောက်ရှိလာပြီ။
မိုးသစ်တော ကျော်ထက်ကိုစိတ်ပူတာကြောင့် ငိုချင်သလိုထိပါ ခံစားလာရတော့သည်။

စိတ်ကိုတင်းပြီး ဆက်လျှောက်လာရာ.... တစ်နေရာအရောက်မှာ မိုးသစ်တော မြေပျော့ပျော့ကိုနင်းမိသည်။
ဒါ.... ရေရှိတဲ့လက္ခဏာပဲ.... နင်းလိုက်သည့်မြေသည် ပျော့ပျော့ကြီးဖြစ်လာသည်။
နေ့လည်က တွေ့ခဲ့တဲ့စမ်းချောင်းလေးများလားဆိုပြီး မိုးသစ်တော မြေပျော့ပျော့ကို သတိထားပြီး လျှောက်သည်။
ပတ်ဝန်းကျင်သည် အမှောင်ထု ကြီးစိုးစပြုပြီ။
.
.
.
.

နာရီဝက်လောက်ကြာသည်အထိ မိုးသစ်တော ပြန်ရောက်မလာခဲ့။ ကျော်ထက်က စိတ်တွေပူလာသည်။
ဒါပေမဲ့ ကုက္ကိုပင်ကို တက်ရတာ ခက်လို့ပဲနေမှာဆိုပြီး စိတ်အေးအေးထားပြီး စောင့်ရသည်။
တိတ်ဆိတ်နေသော နေရာမှာ ကျော်ထက်တစ်ယောက်ထဲ ပတ်ဝန်းကျင်ကို နားစွင့်ကာ သတိထားပြီး စောင့်နေသည်။

တစ်နာရီ.... တစ်နာရီခွဲ....
မိုးသစ်တော လမ်းမမှတ်မိတာလား.... တောချောက်ခံရပြီး လည်နေပြီလား တစ်ခုခုတော့ဖြစ်ပြီဟု ကျော်ထက်သိပြီ။ ပုဆိုးစ နောက်တစ်စကိုယူကာ အနာကို ပတ်တီးမြန်မြန်စည်းသည်။
တောသည် တောမာယာရှိသည်။
မိုးသစ်တောသည် ဒီတောထဲသို့ ပထမအကြိမ်လာဖူးခဲ့ခြင်း....
ကျော်ထက်က မိုးသစ်တောကိုအလိုလိုက်မိသည့်အတွက် နောင်တရချင်လာသည်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now