Unicode
ဟေဝန့် လက်ထဲမှာပါသွားပြီဖြစ်တဲ့ သားရေဘောင်းဘီလေး...
တုန်ရီနေတဲ့ကိုယ်လုံးလေးမှာ ကွယ်ကာစရာဘာမှ မရှိတော့ဘူး။ ဟေဝန်က ကြောင်ပြီးကြည့်နေတယ်။
မိုးသစ်တောလဲ ထူပူသွားပြီး ကြောင်နေတာပါပဲ။
သတိရလို့ မမြင်အပ်တဲ့နေရာကို လက်နဲ့ကွယ်ပြီး ကွပ်ပျစ်ပေါ်ထိုင်ချလိုက်ရတယ်။"ဟေ....ဟေဝန်....."
ရှက်ပြီး မျက်နှာလေးနီရဲနေသလို အသံကလဲ တုန်ရီနေတာပဲ။
တဆတ်ဆတ်တုန်ရီနေတဲ့ နှုတ်ခမ်းလေးက အအေးဒဏ်ကြောင့် ပြာနေတယ်။
ဟေဝန့်ကို မော့်ကြည့်နေတဲ့ မျက်လုံးလေးတွေက ရှက်ပြီး မျက်တောင်တွေချည်းထပ်ကာထပ်ကာ ခတ်နေတယ်။"မို.... "
ဟေဝန်က ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ မိုးသစ်တောနားကို တစ်လှမ်းထပ်တိုးလာတယ်။
မိုးသစ်တော မော့်ကြည့်နေရဆဲ။
ပိုပြီး နီးကပ်လာတာကြောင့် ခေါင်းက နောက်ကိုလန်ကျတော့မတတ် မော့်ကာနေရင်း...."ချစ်....."
ဟေဝန်က ပြောရင်းပဲ သူ့ရင်ခွင်ထဲ ဆွဲဖက်ပြီးထည့်ထားတယ်။ ဟေဝန့်လက်မောင်းတွေကြားကို တုန်နေတဲ့ ကိုယ်လုံးအေးစက်စက်လေးက အတောင့်လိုက်လေး ပါသွားတယ်။
မော့်နေတဲ့မျက်နှာကို ဆွဲယူပြီးနမ်းတယ်။
ဒါကလဲ ရုတ်တရက်ခံစားမိတဲ့ ခံစားချက်အတိုင်းလုပ်လိုက်တဲ့ အပြုအမူတစ်ခု....
နမ်းတယ်ဆိုတာ ဟေဝန်နဲ့ မိုရဲ့ကြားမှာ ထူးဆန်းတာတော့ မဟုတ်တော့ဘူး။
တွေ့တိုင်းမြင်တိုင်းစိတ်ရှိတိုင်းနမ်းနေကြတာမဟုတ်ပေမဲ့ နမ်းတာတော့ လုပ်မိနေကြတာပဲ... သိပ်ပြီးအထူးအဆန်းကြီးမဟုတ်ဘူး။ပါးပြင်ပေါ်ကိုရောက်လာတဲ့အနမ်းတွေ....
မျက်ခွံပေါ်ကိုရောက်လာတဲ့ အနမ်းတွေ....
နဖူးပြင်ပေါ်ကိုရောက်လာတဲ့ အနမ်းတွေ...
နှုတ်ခမ်းဆီကိုအရောက်မှာတော့ ပိုပြီးကြာနေတဲ့ အနမ်းတွေ။မိုးသစ်တောရဲ့လက်တွေက ဟေဝန့်ပါးပြင်ကိုလဲ ပွတ်သပ်နေမိတယ်။
ဟေဝန့် ဆံစတွေကိုလဲ သပ်ပေးမိတယ်။
ဟေဝန့် ဂုတ်ပိုးတစ်လျှောက် .... ဟေဝန့် လည်ပင်း.... နေရာအနှံကို ရောက်မိနေတယ်။
အဲ့တော့ ဖုံးကွယ်စရာမရှိ လွတ်နေတဲ့ တစ်ကိုယ်လုံးက ချက်ချင်းပဲ ပူလာသလိုဖြစ်လာတယ်။
အဝတ်အစားမကပ်.... ချစ်သူနမ်းတာခံနေရတဲ့အပြင် ဟေဝန့် လက်တွေက မိုလေးကျောမှာ တရွေ့ရွေ့နဲ့.... အသားချင်းထိနေတာ ကျောတလျှောက်လုံး။ ဟေဝန်လက်ဖဝါးပြင်ကျယ်နဲ့ မိုးသစ်တောရဲ့ ကျောသားလေး။
ရင်ဘတ်ချင်းက ကပ်နေတာကြောင့် ရင်ခုန်သံတွေက ကျယ်လောင်လာတာကိုအတိုင်းသား ကြားရတယ်။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...