part(34)

1.3K 178 31
                                    

လေပြေလေးဝင်လာတာကြောင့် အိပ်ယာကနေ မိုးသစ်တောနိုးလာတယ်။
အလင်းရောင်က ဖျော့ဖျော့လေးရှိနေတယ်။
ကွပ်ပျစ်လေးပေါ်မှာ ဟေဝန်မရှိဘူး။
ဖြေးဖြေးချင်းထပြီး ပတ်ဝန်းကျင်ကိုကြည့်မိတယ်။

ညကဖိုထားတဲ့ မီးဖိုက မီးငြိမ်းသွားပြီ။
ဟေဝန် ဘယ်ကိုသွားသလဲ။

ဂူရဲ့ရှေ့ဘက်ကို လျှောက်လာမိတယ်။
ဂူပေါက်ကပိတ်ထားတယ်။
ဒါနဲ့ပဲ ကွပ်ပျစ်လေးပေါ်မှာပဲ ခဏပြန်ပြီးထိုင်နေမိပြန်တယ်။

ဂူထဲကိုဝင်လာတဲ့အလင်းရောင်နဲ့လေပြေကြောင့် သိချင်စိတ်က ထွက်ပေါ်လာပြန်ရော။
ဂူရဲ့နောက်ဘက်ကို လျှောက်လာမိတယ်။
အနောက်ဘက်က ကျဥ်းသွားတယ်။
ခပ်မျှောမျှော လမ်းလေးအတိုင်းလျှောက်လာရင်း ဂူအနောက်ဘက်ကိုရောက်လေ ပိုပြီးလင်းလာလေပဲ။ အလင်းရောင်က နောက်ဘက်ကလာတာ။
သိပ်မှမလျှောက်ရတော့ဘဲ ဂူက လမ်းဆုံးသွားတယ်။
ဂူရဲ့ပေါ်မှာတော့ အလင်းရောင်နဲ့လေပြေလေးဝင်ရာ အပေါက်ကိုတွေ့လိုက်ရတယ်။
ဂူအမိုးကမြင့်တယ်..... တော်တော်လေးမြင့်တယ်။
ဂူပေါက်က လူတစ်ကိုယ်ဝင်စာလောက်ပဲရှိတယ်။
ထိုဂူပေါက်လေးကနေ ဖြာကျနေတဲ့အလင်းရောင်လေး.... ဂူက နေ့ဘက်ဆို အလင်းမှုန်ပျပျနဲ့ နွေးနေတယ်။ လေဝင်ပေါက်လဲ ဖြစ်တာမို့ လေကတဖြူးဖြးူဝင်လာတာ။
ဂူပေါက်ကလေးကို မော့်ကြည့်မိတော့ သစ်ပင်တွေကွယ်နေတာမျိုး မရှိတာကြောင့် ကောင်းကင်ပြါပြါကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရတယ်။

သူတော်စင်ကြီးက ဒီဂူထဲမှာလပေါင်းများစွာ တရားကျင့်ကြံတာလို့ ပြောတယ်။
အလင်းရောင်နဲ့လေ လုံလောက်စွာရတာမို့ ဂူရဲ့အရှေ့ဘက်ဝင်ပေါက်ကိုပိတ်ပြီး ဂူထဲမှာလပေါင်းများစွာ နေလို့ရတာပါလားလို့ တွေးမိတယ်။

ဂူဟာ သူတော်စင်ကြီး အေးချမ်းစွာနေထိုင်ပြီးတရားအားထုတ်ချင်စဖွယ်သပ်ရပ်ပြီး သဘာဝကပေးတဲ့ ထူးခြါးဆုံးလက်ဆောင်ဖြစ်နေတယ်။
အခုတော့ ဟေဝန် နေထိုင်ရာ နေရာပေါ့။

"မို....."

"ဟေဝန်....."

ကောင်းကင်ကိုမော့်ပြီးငေးနေတဲ့ မိုးသစ်တောနားကို ဟေဝန်ရောက်လာပြီ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူDonde viven las historias. Descúbrelo ahora