Unicode
ဇုံဇုံတို့အဖွဲ့ အူကြောင်ကြောင်နဲ့ပဲ အိပ်ယာနိုးလာကြတယ်။ အားလုံးက ညကသောက်ကြစားကြလဲရှိထားတော့ မသောက်တတ်တဲ့ ဇုံဇုံထက် ကျန်တဲ့သူတွေကပိုဆိုးနေတာပေါ့။
ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ ဝမ်းနည်းမှုကြောင့် သူတို့တွေစကားမပြောနိုင်ကြသေးဘူး။
ခြံရှင်ဦးလေးကြီးလဲ တော်တော်လေးခံပြင်းဒေါသကြီးနဲ့ဖြစ်နေတယ်။ရန်ကုန်ကိုပြန်ရောက်လာတော့ မနက်ရှစ်နာရီလောက်ပေါ့။ ဇုံဇုံ့ကို မေမေနဲ့ကိုကိုကြီးက ခြံထဲထိဆင်းပြီးစောင့်နေတယ်။
ပါပါးလဲအိမ်မှာရှိနေတာပဲ။
ဟိုရက်ကတော့ ကိုကိုကြီးတို့လင်မယားနဲ့ပါပါးတို့ပြောနေသံတွေ ကြားမိသား။ ကိုယ်က နိုင်ငံရေးကိုစိတ်လဲ မဝင်စား နားလဲမလည်တော့ ကြားတာကိုကြားတယ်ပဲမှတ်ပြီး နေမိခဲ့တာပါ။ ပါပါးက အာဏာသိမ်းနိုင်တယ်လို့သုံးသပ်တယ်။ ကိုကိုကြီးကလက်မခံဘူး။ သူတို့ပါးစပ်အားလို့ပြောတာ ပြည်သူတွေကလက်မခံဘူးဆိုတာ သူတို့သိတယ်တဲ့လေ။
"ဇုံလေး... ပြန်လာပြီလား.... အိမ်ထဲမှာပဲနေ..... အပြင်မှာ အခြေအနေတွေကဘာမှန်းသိတာမဟုတ်ဘူး"
"ဟုတ်....ကိုကိုကြီး.... ဒါနဲ့လေ...သူတို့က အမေစုကိုဘာကိစ္စနဲ့ဖမ်းလိုက်တာလဲ"
"မဲလိမ်တယ်တဲ့ကွာ..... တကယ့်ကောင်တွေ"
ပြောလဲပြော ကိုကိုကြီးကလှောင်ရယ်တယ်။
"ဟမ်.... ဇုံဇုံတို့ ပေးခဲ့တဲ့ မဲတွေမှားတာတဲ့လား"
"အေးလေ.... ဖြစ်နိုင်ပါ့မလား"
"ဟင့်အင်း.... မဖြစ်နိုင်ဘူး"
ဇုံဇုံလဲ ကိုကိုကြီးနည်းတူ ရယ်ချင်လာတာပါပဲ။
ဘယ့်နှယ် တစ်နိုင်ငံလုံးအုန်းအုန်းထပေးခဲ့တဲ့ မဲတွေ မမှားလို့ပဲ နေပြည်တော်မှာမနက်ဖန်အစည်းအဝေးတွေ စ တော့မှာမဟုတ်လား။ လိမ်လို့ရတဲ့အနေအထားလဲ ဟုတ်မနေဘူးလေ။ မဲမပေးခင်ကတည်းက ဘယ်သူဘာလဲ သဲသဲကွဲကွဲသိခဲ့ကြတာပဲကို။ပါပါးနဲ့ကိုကိုကြီးက နိုင်ငံရေးကိုအခုထိသဘောထားကွဲလွဲနေဆဲ။ ပါပါးက ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ စကားကိုပေါ့ပေါ့ဆဆမတွေးဖို့ပြောနေပြီး ကိုကိုကြီးကတော့ သူတို့ကိုလုံးဝအထင်မကြီးတဲ့ဘက်ကပါ။
မဲစာရင်းလိမ်တယ်ဆိုတဲ့အမှုဖြစ်တာကြောင့် သူတို့ စွပ်စွဲဖမ်းဆီးမှုနဲ့အာဏာသိမ်းမှုဟာ လွဲမှားသွားပြီလို့ ကိုကိုကြီးကပြောတယ်။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...