Unicode
မိုးသစ်တော မေ့လဲသွားရာကနေ သတိပြန်လည်လာချိန်မှာတော့....
ပတ်ဝန်းကျင်သည် ပိန်းပိတ်အောင် မှောင်နေဆဲ...
ဘာဆိုဘာမှ မမြင်ရ။
အမှောင်ကိုကျင့်သားရအောင်နေရင်း ပတ်ဝန်းကျင်ကို လက်နဲ့စမ်းရသည်။
လှဲနေတဲ့နေရာသည် မာကျောကျောနှင့် ဖြစ်နေသည်။
မြေသား ကျောက်သားတိုက်ရိုက်တော့မဟုတ်... တစ်ခုခု ခင်းထားတယ်။
အိတ်ကို စမ်းတော့လဲမတွေ့ရ။
ဖြေးဖြေးချင်း ထထိုင်မိသည်အထိ လက်ရှိဖြစ်ပျက်နေသော အခြေအနေကို မမှန်းဆနိုင်သေးပါ။
လူက လှုပ်ရှားရတာ နာကျင်လွန်းတာကြောင့် ကျောခင်းထားရာကနေ ကျောလေးမတ်သွားဖို့ကိုပင်မနည်းကြိုးစားနေရသည်။တောကောင်ရဲ့မျက်လုံးကို စူးရှစွာတွေ့လိုက်ရသည်။ထိုတောကောင်က ပြေးဝင်လာတယ်။
မိုးသစ်တော ပြေးမိတယ်။
ပြေးရင်းပဲ တွင်းထဲပြုတ်ကျသွားတော့တာ။
မေ့လဲသွားချိန်မှာ ပျော့စိစိမြေကြီးသားပေါ်ဆိုတာအထိ မှတ်မိနေသည်။
အခုရောက်နေတဲ့နေရာသည် မြေကြီးမဟုတ်တာသေချာသည်။
ကျောက်သားနီးနီးပင် မာကျောနေသည်။
ပြီးတော့ ပတ်ဝန်းကျင်မှာ သစ်ပင်ရှိရင် လေတိုးသံ လေတိုက်သံလဲ ကြားရမှာဖြစ်သည်။ သစ်ပင်ကိုလေတိုးသံ လုံးဝမကြားရ။ ဒါ့အပြင် လေထုက ထူးဆန်းနေသည်..... မလတ်ဆတ်။
အမှောင်ထုနှင့်ထပ်တူ ငြိမ်သက်ပြီးအေးစက်နေသည်။
ပြုတ်ကျခဲ့တဲ့ တွင်းနက်ထဲကနေ ခုထိမထွက်ရသေးတာလား။ငါဘယ်ရောက်နေတာလဲဆိုတဲ့အတွေးကို တွေးနေရင်း တောကောင်က ငါ့ကို တိုက်ခိုက်ခဲ့တာမဟုတ်ဘူးလားလို့လဲ တွေးမိရပြန်သည်။
ဒါမှမဟုတ်.... ငါ သေသွားပြီလား.... ငါ တောကောင်အကိုက်ခံရပြီးသေသွားတာများလား.... ဘယ်ကမ္ဘာကိုဝိဉာန်လွင့်ခဲ့ပါလိမ့်။
ကိုယ့်ခန္ဓာကိုယ် ပွယ်သပ်ကြည့်နေမိသည်။အာ့....
ဆိတ်ဆွဲကြည့်တော့လဲ နာကျင်မှုကိုခံစားရသေးသည်။
သေသွားတာ မဟုတ်ရင် ဘာများဖြစ်ခဲ့တာလဲ။အတွေးပေါင်းစုံချာလည်မူးနေရင်း ပတ်ဝန်းကျင်အမှောင်ကို မျက်လုံးတွေက ကျင့်သားရလာသည်။
ညအမှောင်ထက်ပိုပြီး မှောင်နေတယ်။
သိပ်သည်းလွန်းတဲ့အမှောင်ကို ငြိမ်ပြီးကြည့်နေရင်း ဘေးမှာ တစ်စုံတစ်ယောက်ရှိနေသလို ခံစားချက်ကိုရသည်။ ရင်ထဲ ထိတ်ကနဲခံစားချက်နဲ့အတူ အသက်ကိုအောင့်ထားမိသည်။
ဟုတ်တယ်.... တိုးညှင်းညှင်း အသက်ရှုသံတစ်ခုကို ကြားမိတယ်။
တကယ်ပဲ တောကောင်က မိုးသစ်တော ဘေးနားမှာလား။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...