Unicode
မီးဖိုက မီးရောင်နဲ့ဂူတစ်ခုလုံး လင်းနေတယ်။
ပွေ့ချီကာတလှည့် ရင်ခွင်ထဲထည့်ပြီးဖက်ထားလို့တစ်သွယ် ကုန်းပိုးလို့တစ်ဖုံ အမျိုးမျိုးသောနည်းလမ်းများဖြင့် ဟေဝန်တစ်ယောက် မိုလေးကို ချော့တယ်။ဖျားမှာနာမှာ သူ ကြောက်တယ်။
မိုးရေစိုစိုတွေနဲ့ ကြာကြာကြီးနေမိကြတာကြောင့်ပေါ့။
မိုလေး တစ်ခုခုဖြစ်မှာစိုးရိမ်တယ်။ဂူရဲ့နံရံမှာချိတ်ဆွဲထားတဲ့သားရေတွေထဲက တန်ဖိုးထားရဆုံးဖခင်ရဲ့ အရေပြါးကိုယူပြီး မိုလေးကိုခြုံပေးထားတယ်။ အဝတ်တွေလဲ ဝတ်ပေးထားတယ်။
ဒါပေမဲ့ နည်းနည်းလေးဂျီကျချင်နေတဲ့ မိုလေးကို ချော့စရာစကားလုံးတွေရှိပါတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့တော့မတတ်ဘူးပေါ့.... ဒါကြောင့် ချီပြီးလမ်းလျှောက်နေရတယ်။
စကားလုံးတွေထက်ပိုတဲ့ အပြုအမူလေးပေါ့။
ကုန်းပိုးပါအုံးဆိုရင် ကျောမှာပိုးပြီးလျှောက်နေရတယ်။
ဟေဝန့်မျက်နှာ မြင်ချင်သေးတယ်ဆိုရင် သားပိုက်ကောင်လို ရင်ဘတ်မှာပွေ့ပြီးလျှောက်ပေးရတယ်။ ထိုင်လိုက်ပါအုံးလားဆိုရင် ကွပ်ပျစ်မှာထိုင်ပြီး မိုလေးကို ပွေ့ပိုက်ထားပေးရတယ်။သူ သိပ်ချစ်ရတဲ့ မိုလေးပါ။
.
.
."ဟေဝန်...."
"ဗျ...."
"မိုလေ.... "
"အင်း...."
"မိုတို့လေ....."
"အွန်...."
"ရွာကိုပြန်ကြရအောင်လေ....နော်"
ဟေဝန်က မိုလေးမျက်နှာကို ဆွေးဆွေးကြီး ကြည့်နေတယ်။ မိုလေးကို သူ မခွဲနိုင်ဘူး။ မိုကလဲ ဟေဝန့်ကို မခွဲနိုင်ဘူး။ အခုဆိုပိုပြီးဆိုးသေးတယ်။ ဒီလိုပတ်သက်မှုမျိုးဆိုတာ နှစ်ယောက်က ခွဲမရအောင်ဖြစ်သွားတယ်ဆိုတဲ့ သက်သေပဲမှလား။ တစ်ယောက်နဲ့တစ်ယောက် အဆုံးစွန်ထိ သက်ဆိုင်သွားတာ။
ဟေဝန်က မျက်တောင်မခတ်ဘဲ ငေးကြည့်နေတယ်။
သူ့ရင်ခွင်ထဲမှာတော့ မျှော်လင့်ချက်တွေတပွေ့တပိုက်နဲ့ မိုလေးရဲ့ မျက်နှာ။ သက်ပြင်းကို အရင်ချတယ်။

VOUS LISEZ
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
Fiction généraleလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...