စကားအခြေအတင်ဖြစ်ပြီး နောက်တစ်နေ့....ဇုံဇုံ ထက်ကောင်းတို့လူစုကိုဖုန်းဆက်ထားရတယ်။ အိမ်ရဲ့အခြေအနေက မကောင်းဘူးပေါ့။ ဇုံဇုံတို့မှာ လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်တာရယ် သူတို့ဘက်ကဖြိုခွင်းခဲ့ရင်ဘယ်လို ခုခံကာကွယ်ရမယ်ဆိုတာရယ်အပြင် နောက်ဆုံး plan အနေနဲ့ စဥ်းစားစီစဥ်ထားရတာကတော့ လုံခြုံရာနေရာတွေကို ပြောင်းရွှေ့နေထိုင်ရဖို့ပါပဲ။
ကိုယ့်အစုအဖွဲ့နဲ့အတူ သတင်းတွေကစုံနေအောင်ရရှိတာမို့ ဇုံဇုံတို့အဖွဲ့လဲ အဆင်ပြေဆုံးဖြစ်မယ်လို့ထင်ရတာတွေကို ကြိုတင်တိုင်ပင်ထားကြရပါတယ်။မီဒီယာသမားအပါအဝင် နိုင်ငံရေးသမားများ.... ရွေးကောက်ခံအမတ်များအပါအဝင် တစ်ချို့သောစီးပွားရေးသမားများနဲ့ ကျောင်းသားခေါင်းဆောင်များ... အနုပညာရှင်အချို့ဖမ်းဆီးခံရပါတယ်။
အနုပညာရှင်တစ်ချို့ဖမ်းဆီးခံရသော်လည်း လမ်းမပေါ်မှာ နောက်ထပ်အနုပညာရှင်တွေဟာ ကြွေးကြော်ဆန္ဒထုတ်ဖော်မှုတွေကို ပြည်သူနှင့်အတူ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။CDM ဟာ လတ်တလောမှာ အကောင်းဆုံးတန်ပြန်တိုက်ခိုက်မှုလို့ယူဆပြီး စစ်အစိုးရလည်ပတ်သော ယန္တရားကို ပျက်စီးဖို့လဲ ကြိုးစားကြရပါတယ်။
CDM ဟာ အောင်မြင်တယ်လို့ ပြောလို့တော့ရပါတယ်။ CDM ပြုလုပ်သောဝန်ထမ်းများကို ကူညီရေး ထောက်ပံ့ရေးတွေလဲ လုပ်လာကြပါတယ်။ ပြည်သူဟာ ပြည်သူအချင်းချင်းကူညီဖို့ ကြိုးစားကြတဲ့အချိန်တွေပါ။.
.
."ကိုကိုကြီး.... ဇုံဇုံ.... ပြောစရာရှိတယ်"
"အင်း....ဇုံဇုံ..."
ကိုယ်ဝန်ရှိကာစမို့ မမြတ်က ကုတင်ပေါ်မှာ လှဲနေရတယ်။ ဇုံဇုံ အခန်းထဲကို ဝင်လာတာနဲ့ မမြတ်က ကုန်းရုန်းထတယ်။ ဇုံဇုံက ကိုကိုကြီးတို့အခန်းထဲကို ဝင်လာခဲတယ်။ ကိုကိုကြီးကသာ ပြောစရာရှိရင် ဇုံဇုံ့အခန်းကိုလာတာလေ။
"ရတယ်.... မမြတ်.... သက်သာသလိုနေပါ... ဇုံဇုံ.... စကားခဏပဲပြောမှာ"
"ရတယ်.... လာလေ.... ဇုံဇုံ"
မမြတ်က ကုတင်ပေါ်မှာ ထိုင်တာကြောင့် ကိုကိုကြီးက သက်တောင့်သက်သာဖြစ်အောင်အရင်ပြင်ဆင်ပေးပါတယ်။
![](https://img.wattpad.com/cover/267177994-288-k442356.jpg)
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...