part(21)

1.6K 182 20
                                    

Unicode

သူ..... 
ကျုပ် ခေါ်လာတဲ့လူသားငယ်.... သတိမေ့နေတယ်။
ဂူက ကျဥ်းပြီး​အေးစက်တာမို့ သူ့အတွက် ကျုပ် သစ်ရွက်တွေရှာပြီး ခင်းပေးရတယ်။

သူကတော့ သတိမေ့နေဆဲပဲ။
တော်သေးတာက သူသတိမေ့နေလို့ မရုန်းမကန်ဘဲ ကျုပ်လုပ်ပေးသမျှကို ငြိမ်နေတာပေါ့။
ရှည်သွယ်သွယ်ခန္ဓာကိုယ်လေးက ကျုပ်အတွက်တော့ ပေါ့ပါးလွန်းပါတယ်။

သစ်ရွက်တွေကို ဂူရဲ့အမြင့်ပိုင်းကျပြီး ကျောက်သားလွှာရှိတဲ့နေရာမှာ ဖြန့်ပြီးခင်းရတယ်။
သစ်ရွက်တွေအပေါ်က တစ်ခုခု ထပ်ခင်းပေးဖို့လိုအပ်တာကြောင့် ကျုပ်ဝတ်ထားတဲ့ ဝံသားရေကို ခင်းပေးလိုက်မိတယ်။

ကျုပ်အတွက် ခန္ဓာလုံခြုံဖို့အတွက် တောတွင်းထဲက သေဆုံးသွားတဲ့ ကျုပ်မိသားစုဝင်တစ်ယောက်ယောက်ဆီက ရယူပါတယ်။
မုဆိုးတို့လက်ချက်နဲ့ သေဆုံးသွားရတဲ့သတ္တဝါတွေ မရတွက်နိုင်အောင် များပြါးပါတယ်။
ကျုပ်တို့ဟာ ကျုပ်တို့ဝမ်းဝဖို့အတွက် ဘယ်သောအခါမှ တောရဲ့အပြင်ကို မထွက်တတ်ကြပါဘူး။
လူသားတွေကတော့ သူတို့ဝမ်းဝဖို့အတွက် ကျုပ်ရဲ့မိသားစုဝင်တွေကို အချိန်တိုင်းသတ်ဖြတ်ဖို့ကြိုးစားကြပါတယ်။

တစ်ခါတစ်ရံ သွေးအလိမ်းလိမ်းနဲ့ တောထဲကိုပြန်ရောက်လာတဲ့ ဝံ.... ကျား....ကျားသစ်နက်.... ဖခင်ရဲ့မျိုးနွတူ ခြင်္သေ့တို့ သေဆုံးသွားတဲ့အခါ ကျုပ်က သားရေကို ယူထားရပါတယ်။
အဲ့ဒီသားရေတွေနဲ့ ကျုပ်က ခန္ဓာကိုကာကွယ်တဲ့ဝတ်ရုံလုပ်ထားရပါတယ်။

အခုတော့ ကျုပ်ရဲ့အပေါ်ဝတ်ရုံဟာ သတိမေ့နေသူရဲ့ ကျောခင်းဖို့အတွက် လုပ်ပေးထားတယ်။
လူသားငယ်ရဲ့ခန္ဓာကိုယ်မှာ ထိခိုက်မိထားတာတွေကြောင့် နာကျင်နေတော့မှာပဲ။

သူ့ခြေထောက်က ဒဏ်ရာအတွက် ကျုပ်သိတဲ့ဆေးပင်တစ်ချို့ကို ခူးပြီး ကျေညက်အောင်ချေကာ လိမ်းပေးထားရတယ်။ ညတိုင်းလဲ ကျုပ်သူ့ကို ညင်ညင်သာသာ နှိပ်ပေးပါတယ်။ ဒါမှ သူနိုးလာရင် ဒဏ်ရာကသက်သာမှာပေါ့။ သူ့ခေါင်းက ဒဏ်ရာအတွက်လဲ ကျုပ်ဆေးလိမ်းပေးပါတယ်။

သူက အပြစ်ကင်းတဲ့ သားပေါက်ငယ်လေးလို လှဲလျောင်းနေတယ်။
ကျုပ်လေ....ကျုပ်.... သူ့အနားက မခွာနိုင်ဘူး။ သူ ရုတ်တရက်နိုးလာရင် ကျုပ်ကို ကြောက်သွားမှာလဲ ကျုပ်အရမ်းစိုးရိမ်တယ်။
ဒါပေမဲ့ ကျုပ် သူ့အနားကနေ မခွာနိုင်ဘူး။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now