part(10)

1.7K 197 10
                                    

Unicode

ဖြေးဖြေးပဲ လျှောက်လာရတာကြောင့် ခရီးက အလာတုန်းကလောက် မတွင်ဘူး။
ကျော်ထက်သွားနေကျလမ်း တောလိုက်နေကျလမ်းလဲ မဟုတ်ပြန်ဘူး။

ခပ်ဖြေးဖြေးပဲ လျှောက်လာနေရင်း ကျော်ထက်ခြေထောက်က စည်းနှောင်ထားတဲ့ပုဆိုးစမှာ သွေးတွေ ရွှဲနေအောင် စိုလာတယ်။
တောဝက်အစွယ်ကြောင့် အဆိပ်တက်လာတာကြောင့် လမ်းလျှောက်ရင်းပဲ ခြေထောက်က ရောင်လာတယ်။

"ဟေ့ကောင်.... ခဏနားလိုက်မှရမယ်ထင်တယ်.... မင်းခြေထောက်က ဒီတိုင်းတော့ မဖြစ်ဘူးကွ"

ကျော်ထက်က ဓားကိုလက်မှာကိုင်ထားတယ်။
မိုးသစ်တောက ကျော်ထက်ကိုတွဲရင်း ဒူးလေးကြီးကိုပါ ကျောမှာထမ်းလွယ်ထားရတယ်။ ကျောပိုးအိတ်ကရင်ဘတ်မှာလွယ်တယ်။
သူတို့နှစ်ယောက်လမ်းလျှောက်လာတာ မိနစ်နှစ်ဆယ်လောက်ရှိပြီမို့ မိုးသစ်တောလဲ ချွေးတွေရွဲနေပြီ။
ကျော်ထက်မျက်နှာလဲ ရှုံ့မဲ့လို့ပါပဲ။

"ရပါတယ်ကွာ... ဆင်စခန်းကို အမှောင်မကျခင် အရောက်သွားရမယ်ကွ.... စခန်းရောက်မှ ဆေးထည့် ပတ်တီးစည်းလုပ်ရမယ်"

"မဟုတ်ဘူးကွ.... မင်းခြေထောက်က သွေးကျတာများနေပြီ.... ငါတို့ ဖြေးဖြေးပဲ လျှောက်တာ ဆင်စခန်းထိဆို လိုသေးတာပဲကွ.... မင်းဒဏ်ရာတော်တော်နက်သွားတာ"

ဟုတ်တယ်.... ဒဏ်ရာက ပြဲကွဲနေလောက်အောင်အကြီးကြီး မဟုတ်ပေမဲ့ နက်သွားတဲ့ပုံပါပဲ။
ဒါတောင် ကျော်ထက်က ခုန်ပြီးရှောင်တာ မြန်လို့ပဲ။
မဟုတ်ရင် မတွေးရဲဘူး။
ဒဏ်ရာရတဲ့သားကောင်ရဲ့ စိတ်ဓာတ်ကိုပိုပြီး ပြင်းထန်တယ်။ သေလောက်တဲ့ဒဏ်ရာရသွားလဲ ကျန်တဲ့အားနဲ့ မုဆိုးကို ဒုက္ခပေးတတ်တာပဲ။

"ကျော်ထက်...... မင်း ဒီမှာ ခဏနားကွာ.... ငါ ကုက္ကိုရွက်ဖြစ်ဖြစ်ရှာလာခဲ့မယ်.... ဖိသိပ်ပြီးအရည်ညှစ်ထည့်ထားရင် မင်း နည်းနည်းတော့သက်သာမှာပဲ"

"အင်း..... ငါ ကြည့်တယ်ကွ.... ဖြတ်လာတဲ့လမ်းမှာ ကုက္ကိုပင်မတွေ့ဘူး"

ပတ်ဝန်းကျင်သည် အနည်းငယ်ကျလာသောနေရောင်ကြောင့် အေးမြမြ​လေးဖြစ်လာတယ်။
မိုးသစ်တော ရင်ထဲမှာတော့ သူငယ်ချင်းအတွက်ပူပန်နေတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူDonde viven las historias. Descúbrelo ahora