part(15)

1.8K 219 15
                                    

Unicode

နွေးထွေးသောပွေ့ဖက်မှုကို ခံစားရတယ်။
မိုးသစ်တောရဲ့ ခေါင်းပေါ်က ဆံပင်တိုလေးတွေကို ပွတ်သပ်ပေးလာတယ်။
ဝမ်းနည်းစိတ်ကြောင့်ရော ဝမ်းသာစိတ်ကြောင့်ပါ လူက ဟန်မဆောင်နိုင်ဘူး။
ရုန်းကန်ဖို့စိတ်ကူးမရှိတော့ဘဲ သူ့ရင်ခွင်ထဲကို အတင်းတိုးဝင်မိတယ်။
သင်းမြမြလေးဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်က အဝတ်မပါဘူး။
သူ့ကိုယ်လုံးက ကြီးမားပါတယ်။
သူ့ခါးဆီမှာတော့ အဝတ်မဟုတ်တဲ့ခပ်ပျော့ပျော့အသားတစ်ခုပတ်ထားတယ်။
မိုးသစ်တောလဲ ခါးရဲ့အောက်ထိတော့ လိုက်ပြီးမစမ်းရဲဘူးလေ။

မိုးသစ်တော စဥ်းစားမိတာကတော့ သူဟာ မိုးသစ်တောထက် နှစ်ဆလောက်တော့ထွားကျိုင်းလိမ့်မည်ဟုသာ။
သူကလဲ မရှောင်ဘူး။
မိုးသစ်တောက သူ့ဆီအတင်းတိုးဝင်လာတာကို မရှောင်ဘူး။ ကျန်တဲ့လက်တစ်ဖက်က မိုးသစ်တောရဲ့ ပခုံးကို မထိတထိ ကိုင်လာတယ်။
သူ့ရင်ခွင်ထဲမှာ နှစ်မြုပ်မတတ်ဖြစ်သွားတဲ့ မိုးသစ်တော....

"ဘယ်...သူ....လဲ....ဟင်...လူတော့ ဟုတ်တယ်မှလား"

မိုးသစ်တောက သူ့ခါးကိုဖက်ထားရင်း သူ့ရင်ဘတ်ဆီခေါင်းကိုမှီထားရင်း မေးမိတယ်။
ဘာမှ ပြန်မပြောဘူး.... တိုးဖွဖွ သက်ပြင်းချသံကိုပဲ သူလုပ်တယ်။
သူ့နှာခေါင်းက လေငွေ့နွေးနွေးက မိုးသစ်တောရဲ့ ခေါင်းပေါ်ကို ထိခတ်မိတယ်။

မိုးသစ်တောရဲ့ဘက်တွေက သူ့မျက်နှာဆီ နောက်တစ်ကြိမ် လှမ်းမိပြန်တယ်။
သူက မိုးသစ်တောရဲ့ လက်ကိုဖမ်းကိုင်လိုက်တယ်။
ကြီးမားလွန်းတဲ့ သူ့လက်ဖဝါးပြင်ကျယ်....
လန့်တော့လန့်သွားတယ်.... ဒီလောက်တောင် အကောင်ကြီးလွန်း ထွားလွန်းတဲ့လူ ရှိပါ့မလား။

"လူ....ဆို...ရင်...စကားပြောလေ"

မပြောဘူး။
သူက....မိုးသစ်တောကို  တိုးပြီးပဲ ဖက်ထားတယ်။

ဆက်မမေးမိတော့ဘူး.... ဆက်ပြီးလဲ ဘာမှ မပြောတော့ဘူး။ သူကဖြင့် သတ်ချင်ရင် သေတာကြာနေမှပဲဟာ။
သူ မသတ်ချင်လို့ထားတဲ့ အသက်ပဲ။
ပြီးတော့..... ပြီးတော့.... သူ့အနံ့မျိုးက တစ်ခါမှ မရဖူးတဲ့အနံ့မျိုး.... သိပ်ကိုထူးဆန်းတဲ့ကိုယ်နံ့ရှိတယ်။
သိချင်စိတ်ပြင်းပြလာတာနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာပြန်တဲ့ မိုးသစ်တော...

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now