part(47)

1.3K 159 20
                                    

Unicode

ရွာထဲကို ခြေလျင်ပဲလျှောက်လာကြရတယ်။
လင်းစပြုတဲ့နေရောင်က အုပ်ဆိုင်းညို့မှိုင်းနေတဲ့တောအုပ်ထဲကို အလင်းရောင်မပေးနိုင်ဘူး။
ကောင်းကင်မှာ ရောင်နီပျို့ရုံလေးပဲ ရှိသေးတယ်... ရွာကိုရောက်ပြီ။
တစ်ညလုံးအိပ်မပျော်ကြတဲ့အတူတူဆိုတော့လဲ မနက်စောစော အမှောင်ရိပ်ထဲမှာပဲ ရွာကိုထွက်ခဲ့ကြတာကြောင့် အလင်းပြူစအချိန်မှာပဲ ရွာကိုရောက်လာကြတာ။

ရွာနားကိုရောက်လာလေ ရင်တွေတုန်လေပါပဲ။

တောကြီးကိုကျော်လွန်တာနဲ့ပဲ တွေ့ရတဲ့စေတီနဲ့ မြေပြန့်ကျယ်ကြီး။
မိုးသစ်တောတို့နှစ်ယောက်ကို ခပ်ဝေးဝေးက လှမ်းမြင်တဲ့ရွာသားတစ်ယောက်က နေရာကနေမရွေ့သေးဘဲ ငေးကြည့်နေတယ်။

မိုးသစ်တောက လက်လှမ်းပြလိုက်တယ်။

အံ့သြပြီး မယုံကြည်နိုင်ဖြစ်နေတဲ့ ထိုရွာသားက သေချာကြည့်နေသေးတာ။
မိုးသစ်တောဆိုတာ သေချာပြီဆိုတာနဲ့ရွာထဲကိုတစ်ဟုန်ထိုး ပြေးဝင်သွားတယ်။
သူက အဖေနဲ့အမေ့ဆီကိုပြေးပြီးပြောတာပါ။

.
.
.

တစ်ရွာလုံး အုံးအုံးကျွက်ကျွက်နဲ့ ဖြစ်နေတယ်။
လုပ်လက်စအကုန်ထားရစ်ခဲ့ပြီး မိုးသစ်တောတို့ကိုပဲ ထွက်ကြည့်တယ်.... နှုတ်ဆက်ကြတယ်။
တကယ်တော့ မိုးသစ်တောက တစ်ရွာလုံးကို မသိပါဘူး။ တစ်ရွာလုံးရှိသမျှလူတွေကတော့ မိုးသစ်တောကိုသိနေတာပေါ့။

အားလုံးက ဝမ်းသာနေကြတယ်။
မိုးသစ်တောနဲ့အတူပါလာတဲ့ ဟေဝန်ကိုလဲ ကြည့်ကြ စပ်စုကြတယ်။
ဟေဝန်က လူတွေသူ့ကိုဝိုင်းကြည့်နေတာသိပေမဲ့ ခပ်တည်တည်ပဲ.... ရှိန်နေတာ ရွံ့နေတာမျိုးလုံးဝမရှိဘူး။

.
.

"သားလေး.... "

မစံပယ်တစ်ယောက် ရွာလမ်းတစ်လျှောက် သူ့သားကိုအော်ခေါ်ရင်း ပြေးလာတယ်။
မိုးသစ်တောလဲ သူ့အမေကိုတွေ့တာနဲ့ ပြေးပြီးဖက်တာပါပဲ။ အမေပိန်သွားတယ်။ နဂိုက ဖြူသေးသေးဖြစ်နေတဲ့ မစံပယ်မှာ အခုတော့ပိုပြီးပိန်သွားရရှာတယ်။

"အမေ....အမေ.... သား....အမေ့ဆီ ပြန်လာပြီ.... အမေ...အမေ"

သားအမိနှစ်ယောက်ဖက်ပြီး ငိုနေကြတာကို ဝိုင်းကြည့်နေတဲ့လူအုပ်ကြီး။
လူအုပ်ကြီးရဲ့နောက်မှာတော့ ထိုလူအုပ်ကြီးကိုကျော်ကာ အပေါ်စီးကနေ ငေးကြည့်နေတဲ့ ဟေဝန်...
လူအုပ်ကြီးနောက်မှာ မြင့်မားသောအရပ်နဲ့စီးမိုးပြီးကြည့်နေတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူDove le storie prendono vita. Scoprilo ora