part(31)

1.4K 198 28
                                    

Unicode

ရွေးချယ်စရာ များများစားစားမရှိပါ။

တစ်ခုက ဟေဝန့်ကိုအခုပဲ ရွာကိုခေါ်သွားဖို့....
နောက်တစ်ခုက ဟေဝန်နဲ့ လိုက်သွားဖို့....

ရွာမှာ အဖေနဲ့အမေ စောင့်နေကြမှာသိပေမဲ့ မိုးသစ်တောက ဟေဝန်မပါဘဲ မပြန်ချင်တော့ပါ။
တစ်သက်လုံး မိဘစကားနားထောင်ခဲ့သူတစ်ဦးအနေနဲ့ ထိုအတွေးက ကိုယ့်ကိုကိုယ်ပြန်ပြီး ချောက်လှန့်နေပါတယ်။
သို့သော်.... ဟေဝန့်မှာ ဒဏ်ရာကြီးနှင့်ဖြစ်သည်။
ထိုဒဏ်ရာက ဟေဝန့်လိုလူကိုပင် နာကျင်နေစေလောက်အောင် ပြင်းထန်နေပါသည်။
ဟေဝန်သည် လက်မောင်းရင်းမှ ဒဏ်ရာကြောင့် သစ်ပင်ကြီးရဲ့ ပင်စည်ကိုမှီကာမှေးနေရပါသည်။
ရွာသားများက ဒီသစ်ပင်ဆီသို့ ရောက်မလာလို့ တော်ပါသေးသည်။
ဟေဝန်က အသံမထွက်အောင် အံကိုတင်းတင်းကြိတ်ထားသည်မှာ မေးရိုးများတဖျစ်ဖျစ်မြည်သည်အထိပါပဲ။
မိုးသစ်တောမှာ ဆာလောင်မှုကိုမှ သတိမရတော့လောက်အောင် ပူပန်မှုသာကြီးစိုးနေပါသည်။

ညနေသောင်းသည်အထိ နှစ်ယောက်သား သစ်ပင်ခွဆုံမှာ ငြိမ်နေမိကြသည်။ မိုးသစ်တောရဲ့ကျောပိုးအိတ်ထဲမှာ စားစရာကမရှိတော့ဘူး။ ဟေဝန်က မျက်လုံးတွေကို မှေးစက်နေရာကနေတစ်ချက်တစ်ချက်ဆိုရင် မိုးသစ်တောကို စိတ်မချသလိုဖြစ်ပြီး မျက်လုံးဖွင့်ကာ ကြည့်နေသေးတယ်။

"ဟေဝန်.... ဘယ်လို လုပ်ကြမလဲ.... မို.... ဘာလုပ်ပေးရမလဲ"

မိုးသစ်တောအသံကြောင့် ဟေဝန်က မျက်လုံးပွင့်လာတယ်။

"မို...."

"အင်း.... ဟေဝန်.... "

"ပြန်.... မို.... ပြန်...."

အားတင်းကာ ဟေဝန်ပြောသောစကားက မိုးသစ်တောကို ပြန်ခိုင်းနေခြင်း...

"ဟင့်အင်း.... ဟေဝန် မပါရင် မပြန်ဘူး.... ဟေဝန် လိုက်ခဲ့ရမယ်.... မိုနဲ့ လိုက်ခဲ့ရမယ်လေ"

ဟေဝန် ရင်ဘတ်မှာ လက်ကိုပွတ်သပ်ရင်း မိုးသစ်တောက ပြောတယ်။
ဟေဝန်က မိုးသစ်တောရဲ့လက်အစုံကိုဆွဲယူပြီး သူ့ပါးပြင်မှာ ကပ်ထားတယ်။ စကားကို ထုတ်မပြောဘဲ အလိုလိုသိကြရတဲ့ အပြုအမူတွေ....
ဟေဝန်က ပြန်ဖို့ပြောနေရင်းပဲ မခွဲနိုင်ရှာဘူးဖြစ်နေတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူحيث تعيش القصص. اكتشف الآن