Unicode
တောထဲကို ပြန်သွားတယ်ဆိုပေမဲ့ အမေ့ကိုရော ကျုပ်ရဲ့မိုကိုရော စိတ်မချနိုင်ဘူး။
ဒါကြောင့်.... ကျုပ်က တောစပ်မှာပဲ ပုန်းကွယ်ပြီး တစ်နေကုန်နေခဲ့တယ်။အမေနဲ့အတူ ကျန်ခဲ့တဲ့ မို အိပ်ပျော်နေရာက နိုးလာခဲ့ရင် ဘယ်လိုဖြစ်နေလိမ့်မလဲ...
အမေက ကျုပ်ကို တောထဲပြန်ဖို့ပဲ နားချပါတယ်။
အမေလဲ ရောဂါဒဏ်ကို တော်တော်လေးခံစားနေရတာကိုတွေ့တယ်။
ကျုပ်လာခဲ့တာ နောက်ကျပြီလားလို့ တွေးပြီးစိတ်မကောင်းဘူး။
အမေကတော့ ကျုပ်ကိုသာ စိတ်ပူနေပါတယ်။
ရွာသားတွေက ကျုပ်ထက်ရိုင်းစိုင်းတယ်လို့ အမေကပြောတယ်။ပြီးတော့..... ကျုပ်အကြောင်းအားလုံးကို အမေက မိုကို ပြောပြနေတော့မယ်ဆိုတာလဲ ကျုပ်သိတယ်။
မို ဘယ်လိုတုန့်ပြန်မလဲလို့ ကျုပ်သိချင်တယ်။
တစ်နေကုန် စိတ်တွေလှုပ်ရှားနေတော့တာပဲ။မိုက....ကျုပ်ကို ကြောက်နေတော့မှာလား....
မိုက.... ကျုပ်ကို နှုတ်မဆက်ဘဲ သူ့မိသားစုဆီကို ပြန်သွားတော့မှာလား....
မို ကျုပ်ကို ထားခဲ့တော့မှာလား.....
.
.ညအမှောင်ထုထဲမှာ အမေ့တဲအိမ်လေးက တိတ်ဆိတ်နေတယ်။
ဒီညရဲ့ တိတ်ဆိတ်မှုဟာ ထူးဆန်းတယ်လို့ ကျုပ်ခံစားရတယ်။ ဒါ့အပြင် အန္တရယ်အငွေ့အသက်တွေကို ကျုပ် ခံစားမိနေတယ်။
သင်္ချိုင်းထဲက ငှက်ဆိုးတစ်ကောင်ရဲ့အော်မြည်သံကို ကျုပ် တောစပ်ကနေ သဲ့သဲ့လေးကြားမိတယ်။ရွာသားတွေက အမေ့တဲအိမ်လေးထဲမှာ လူစိမ်းရောက်နေတာကို သိများသွားကြတာလား။
အမေရော.... အမေ တစ်ခုခုဖြစ်တာများလား....
မဖြစ်ဘူး.... မဖြစ်ဘူး.... ကျုပ်....သွားမှ ရမယ်။ရွာနားကို ကျုပ်ကပ်လာမိတယ်။
အမှောင်ထုက မနေ့ကထက်စာရင် ပိုပြီးနက်နေသလိုပဲ။
သတိကြီးကြီးထားပြီး ကျုပ် အမေ့တဲအိမ်နားကို ကပ်လာမိတယ်။ကျုပ်အတွက်တော့ နာကျင်စရာပါပဲ။
ကျုပ် အမေ့တဲနားအရောက်မှာပဲ တဲအိမ်ထဲကနေ မိုရဲ့ ငိုရှိုက်သံလေး ထွက်လာတယ်။
ကျုပ်ကိုယ်စား အမေ့ကိုစောင့်ရှောက်ဖို့ ကျုပ် မျှော်လင့်မိတဲ့ မို....
အမေ့ကို ပြုစုပေးဖို့ နောက်မတွန့်တဲ့ မို....
အခုတော့.... ဝမ်းနည်းစွာငိုကြွေးနေပြီ။
ကျုပ်အမေ သေဆုံးသွားပြီ။
ကျုပ် ဘာမှလုပ်မပေးနိုင်ဘဲ ကျုပ်အမေက သေဆုံးသွားခဲ့ပြီ။
အမေက သေဆုံးခြင်းလမ်းကို ကိုယ်တိုင်ပဲရွေးချယ်သွားတာဆိုပေမဲ့ ကျုပ်ကတော့ ဝမ်းနည်းတယ်။
အမေက တစ်သက်လုံး.... ဘဝတစ်လျှောက်လုံး သနားစရာကောင်းစွာ နေထိုင်ခဲ့ရတယ်။
.
.
.

YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...