part(5)

1.9K 216 5
                                    

Unicode

ရွာစပ်ကနေ လှမ်းကြည့်ရင် မြင်​နေရတဲ့တောညို့ညို့ကို ​ငေးကြည့်နေမိတယ်။

မိုးသစ်တောက တောထဲမှာပေါက်နေတဲ့ သစ်ခွတွေကိုစိတ်ဝင်စားတယ်။ ဒါ့အပြင် ငှက်တွေ... အမျိုးအစားစုံလင်တဲ့ ငှက်တွေရှိတယ်။
သဘာဝပတ်ဝန်းကျင်ကို လေ့လာချင်တဲ့စိတ်က မိုးသစ်တောမှာ အပြည့်ပါပဲ။

ငယ်သေးတဲ့အခါကျတော့ သူက သူ့အဖေလို တောတွေ သစ်ပင်တွေကို ချစ်တယ်ထင်နေမိတာပေါ့။
တကယ်က မိုးသစ်တောရဲ့ စိတ်ဝင်စားမှုက ပိုပြီးကျယ်ပြန့်ပါတယ်။

ရွာကနေ လှမ်းလျှောက်သွားရင် နာရီဝက်လောက်လျှောက်မှ တောခြေကိုရောက်တာ။

မိုးသစ်တောတို့ သူငယ်ချင်းတစ်စုက ဆော့ရင်းနဲ့တောခြေကိုရောက်လာကြတယ်။

အဖေကဒီနေ့မြို့ကိုတက်သွားတယ်။
ဒါကြောင့်ပဲ မိုးသစ်တောတို့ လမ်းလျှောက်ရင်း ဆော့ရင်းနဲ့ တောခြေအစပ်ထိရောက်လာတယ်။

တောခြေမှာ မိုးသစ်တောတို့ထိုင်လိုက်ကြတယ်။
ရွာနဲ့တောရဲ့ကြားမှာ မြေပြန့်ကျယ်ကျယ်ကြီးရှိတယ်။

မြေပြန့်ကျယ်ရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းမှာ စေတီနဲ့ ဘုန်းတော်ကြီးကျောင်း ကိုလှမ်းမြင်ရတယ်။
ရွာထိပ်အဝင်လမ်းမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းထပ်​ပြီး ရှိသေးတယ်။
ဒီ​တောစပ်က ကျောင်းငယ်တစ်ကျောင်းပဲ။
ဒီဘုန်းကြီးကျာင်းကိုကျော်သွားရင်တော့ ရွာရဲ့သုသာန်ရှိတယ်။

သုသာန်ဘေးမှာ တောကြီးက အုပ်ဆိုင်းနေတယ်။

"မင်းတို့ တောနက်ထဲကို မရောက်ဖူးသေးလို့.... ရောက်ဖူးရင် သဘောကျမှာ သေချာတယ်"

ကျော်ထက်က ဆီးသီးတွေကို ပုဆိုးခါးပုံစနဲ့သုတ်လိုက်တယ်။
ကျော်ထက်ပြောတဲ့အကြောင်းက တောနက်ရဲ့အကြောင်းဆိုတော့ အားလုံးရဲ့ ခေါင်းလေးတွေက ကျော်ထက်ဘက်ကိုလှည့်လာကြတယ်။

"တောကနက်လေ.... ပိုလှလေပဲကွ...."

"ဟုတ်လား...."

ရွာက ကလေးအများစုက အလွန်ဆုံးရောက်ဖူးမှ ဆင်စခန်းထိပဲလေ။
ကြိုးဝိုင်းထဲမှာပဲရှိတာကြောင့် အရမ်းနက်တဲ့နေရာတော့မဟုတ်ဘူး။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now