part(35)

1.5K 180 57
                                    

Unicode

ဂူပြင်ကို မထွက်ရတာ နှစ်ရက်ရှိပါပြီ။
တကယ်က အရမ်းကိုထွက်ချင်နေတာ။
ဟေဝန့်တောထဲကို ကြည့်ချင်နေတာ....လေ့လာချင်နေတာ စိတ်ကထိန်းမရတော့ပါဘူး။
ဟေဝန်က ဘာမှန်းကို မသိဘူး။
သူစိတ်ပူနေတယ်ချည်းပဲ ပြောနေတယ်။
ဘာကို စိတ်ပူရပြန်တာတုန်းလို့.....

ဒီနေ့ မိုးရွာတယ်။
ဂူပေါက်ကနေ မိုးရေတွေက စီးကျလာတာပေါ့။
စီးကျလာတဲ့ မိုးရေတွေကို ဟေဝန်က ကျောက်ခွက်တစ်ခုနဲ့ ခံထားလိုက်တယ်။
ထိုကျောက်ခွက်လေးထဲကရေက ထူးဆန်းစွာပဲ လျှံမကျသွားဘူး။ ကျောက်ခွက်ထဲမှာပဲ ပြည့်လုလုလေးဖြစ်နေတယ်။ မိုးရွာပေမဲ့ ဂူထဲမှာလုံခြုံပြီး ရေစိုစိစိဖြစ်မနေတော့ဘူးပေါ့။
မိုးသစ်တော ဒီဂူကြီးကို အရမ်းသဘောကျနေတော့တာပါ။ တစ်ခုတော့ရှိတယ်..... မိုးရွာတာကြောင့် ဂူကနည်းနည်းမှောင်ပြီး အေးလာတယ်။

ဂူထဲမှာ လမ်းလျှောက်လိုက်.....ကျောက်ခွက်ကလေးထဲက ရေတွေပြည့်ပြီလားလို့သွားကြည့်လိုက်.... ကွပ်ပျစ်ပေါ်က ဟေဝန့်နားကိုပြန်လာထိုင်လိုက်နဲ့ပဲ မိုးသစ်တောတစ်ယောက် မငြိမ်ဘူး။
သူတစ်ယောက်ထဲ လမ်းလျှောက်ရတာ ပျင်းလာပြန်တော့ ထိုင်နေတဲ့ ဟေဝန့်ကို ဆွဲခေါ်လာပြီးလျှောက်တယ်။ ဟေဝန်က ဂူအရှေ့နဲ့အနောက်ကို တစ်လှမ်းခြင်းလျှောက်နေတဲ့ မိုးသစ်တောကို ဆွေ့ကနဲပွေ့ချီလိုက်တယ်။

"ဘာ.....ဘာလဲ"

အလန့်တကြား မေးမိတယ်။

ဟေဝန်က ဆက်ပြီးလျှောက်နေတယ်။
ဟောဗျာ.... ပျင်းလို့ လမ်းလျှောက်နေပါတယ်ဆိုမှ သူကပွေ့ချီပြီး လျှောက်တယ်တဲ့။

"အပြင်မထွက်ခိုင်းတော့ ပျင်းနေတာ..."

မိုးသစ်တောက ဟေဝန့်ရင်ဘတ်ဆီမှာ ခေါင်းကိုတိုးဝှေ့ရင်း တိုးတိုးလေးပြောတယ်။
ဟေဝန် အသက်ရှုထုတ်လိုက်တဲ့အခါ လေငွေ့နွေးနွေးက မိုးသစ်တောရဲ့ နဖူးပြင်ကို ထိသွားတယ်။
ရင်ထဲမှာ နွေးပြီး တလှပ်လှပ်ပေါ့။
ဟေဝန့်ကို မော့်ကြည့်မိတော့ ဟေဝန်လဲ ခေါင်းငုံ့ကြည့်နေတာနဲ့ တိုးတယ်။
မျက်ဝန်းညိုတွေက စိုက်ကြည့်နေတာ။
အရင်လို အဲ့သည် မျက်ဝန်းညိုတွေနဲ့စိုက်ကြည့်ခံရရင် မျက်လွှာချမိတဲ့ မိုးသစ်တောက အခုတော့ ဟေဝန့်ကို ပြန်ပြီးကြည့်နေတယ်.... မျက်လုံး မလွှဲနိုင်ဘူး။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူDove le storie prendono vita. Scoprilo ora