Unicode
"ဘယ်သူလဲလို့.... ကျွန်တော့်ကို အသံလေးပေးပါ"
မှောင်မိုက်နေတဲ့ပတ်ဝန်းကျင်မှာ မိုးသစ်တောရဲ့အသံလေးက တိုးဖွဖွထွက်လာတယ်။
ပဲ့တင်သံတွေက ကြားရပြန်တယ်။
နံရံ.... ဟုတ်တယ် နံရံရှိနေတာဖြစ်ရမယ်။
ဒါဆို ဂူတစ်ခုလား... ပိန်းပိတ်အောင်မှောင်နေတာကရော ဂူထဲမှာမို့လို့လား။ပတ်ဝန်းကျင်သည်မှောင်မိုက်တိတ်ဆိတ်နေဆဲပါပဲ။
မိုးသစ်တောက အသံပေးဖို့တောင်းဆိုနေတာကို ဘာသံမှ ပြန်ပြီးမပေးပါဘူး။
သေချာနားထောင်မှ ကြားရတဲ့အသက်ရှုသံကိုတောင် မကြားရတော့ သလိုပါပဲ။
သတ္တဝါကြီးက မိုးသစ်တောနဲ့ဝေးသွားပြီလား။
မှောင်မိုက်လွန်းတဲ့ နေရာမှာ အသံသဲ့သဲ့မှ မကြားရပါ။လူရော ဟုတ်ရဲ့လား။
လူသာဆိုရင် စကားပြောမှာပေါ့။
သူပဲ ကယ်တင်လာခဲ့ပြီလေ။
သူ မသတ်လို့ပဲ အသက်ရှင်နေခွင့်ရတဲ့သူကို စကားလေးပြန်မပြောနိုင်လာက်အောင် ဘာဖြစ်နေတာများလဲ။
လူရော ဟုတ်ရဲ့လား။
တောကောင်ပဲလား။မိုးသစ်တောသတိလစ်သွားတာ ဘယ်လောက်ကြာသလဲ။
အခုရော ဘယ်အချိန်ရှိပြီလဲ။
အချိန်လို့တွေးမိတာနဲ့ မိုးသစ်တောက လက်မှာပတ်ထားတဲ့နာရီကို စမ်းကြည့်မိတယ်။
မရှိဘူး.... မိုးသစ်တောရဲ့လက်မှာ နာရီမရှိတော့ဘူး။
ထူးဆန်းတယ်.... လက်မှာပတ်ထားတဲ့နာရီမရှိတော့တာတော့ အတော်လေးကို ထူးဆန်းတယ်။
ဓားတို့ကျောပိုးအိတ်တို့မရှိတော့တာထက်ပိုပြီး ထူးဆန်းတယ်။ဆင်ခြေလျှောတစ်လျှောက်လိမ့်ကျခဲ့တာကြောင့် လက်ကဓားပြုတ်ကျသွားခဲ့တာ မှတ်မိတယ်။
လျှိူထဲကို ပြုတ်ကျတဲ့အထိ ကျောပိုးအိတ်ကရှိနေသေးတယ်လေ။ ဒါပေမဲ့လဲ သတ္တဝါကြီးရဲ့တိုက်ခိုက်တာခံရစဥ် ပြေးရင်းလွှားရင်း ပြုတ်ကျသွား လွှတ်ကျသွားတယ်ပဲ ရှိပါစေအုံး.... လက်ခံလို့ရသည်လေ။
လက်မှာပတ်ထားတဲ့နာရီပြုတ်ကျသွားတာကတော့ မဖြစ်နိုင်.... ဘယ်လိုမှ မဖြစ်နိုင်တော့။
ဒါဆို တစ်ယောက်ယောက်ကဖြုတ်ခဲ့တာပေါ့။
ဘယ်သူလဲ.... ဘယ်သူက ဖြုတ်သွားတာလဲ။
ငါ့ကို တိုက်ခိုက်ပြီးမှ အသက်ရှင်ခွင့်ပေးခဲ့တာကရော ဘယ်သူလဲ။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...