part(52)

1.4K 143 60
                                    

Unicode

ဟေဝန့်အနားမှာ ထိုင်နေမိတယ်။
ဟေဝန့်လက်ကို ဆွဲကိုင်မိပြီးမှ.... အိမ်ပေါ်ကနေ အဖေများကြည့်နေလေမလားလို့ တွေးမိကာ အိမ်ပေါ်ကို ခိုးကြည့်ရသေးတယ်။ ဟေဝန်ကတော့ လုံးဝမလှုပ်ရှား။
အဖေ အိပ်ယာဝင်သွားတာ သေချာပြီဆိုမှ ဟေဝန့်အနားကို ပိုတိုးပြီးကပ်မိတယ်။

"ဟေဝန်....."

"အင်း....."

ခပ်မောမောဟေဝန့်အသံက ဝမ်းနည်းနာကျင်နေတာ သိသာတယ်။

"မိုတို့လေ..... အဟင့်....ဘယ်လိုလုပ်ကြမလဲ"

အဖေ့ရှေ့မှာတင်းထားရသမျှမျက်ရည်စတွေဟာ ဟေဝန့်အသံကိုကြားတာနဲ့ ​ပြိုကျတယ်။
ဟေဝန်က ငိုနေတဲ့မိုလေးရဲ့မျက်နှာကို ဆွေးဆွေးငေးငေးကြည့်နေတယ်။
မေးခွန်းရှိတယ်..... အဖြေက ခက်ခဲတယ်။

"မိုတို့ .... မိုတို့.... ဟေဝန်ရယ်.... မိုက ဟေဝန့်ကိုမခွဲနိုင်ဘူး.... သိလား...."

အဆက်အစပ်မရှိဘဲ ငိုရင်းပြောရင်း မိုးသစ်တောဟာ  ဆောက်တည်ရာမဲ့ကြေကွဲနာကျင်စွာခံစားရတယ်။
ရွာကိုပြန်မလာခဲ့ရရင် အကောင်းသားလို့တွေးမိရင် အဖေနဲ့အမေရဲ့မျက်နှာကို မြင်ယောင်တာကြောင့် အတွေးဆိုးကိုဖြတ်ချရတယ်။
အမေက သူ့သားကိုရော ဟေဝန့်ကိုပါ သားနှစ်ယောက်ရသလို ဂရုစိုက်ရှာတယ်လေ။ အဖေလဲ တူတူပါပဲ။ တာဝန်တွေ ဝတ္တရားတွေရှိနေလို့သာ အဖေကအမေ့လို ဂရုစိုက်မပေးနိုင်တာပါ။
ဟေဝန့်ကို တောထဲမှာထားခဲ့လိုက်ရမှာဆိုတဲ့အတွေး တွေးမိပြန်တော့လဲ ကြောက်လွန်း လန့်လွန်းလို့ ဆက်မတွေးနိုင်ဘူး။
ရင်ကိုခွဲပြီး အူအသည်းတွေအစိမ်းလိုက် လှီးဖြတ်ခံရသလို ခံစားချက်မျိုးပါပဲ။ ဟေဝန်နဲ့ တစ်စက္ကန့်မှ မခွဲနိုင်ပါဘူး။
ဒါပေမဲ့ လွယ်မယ်ထင်တာတွေ တစ်ခုမှမဟုတ်ခဲ့။
အရာအားလုံးဟာ ခက်ခက်ခဲခဲဖြေရှင်းစရာတွေချည်းသာ။

အခုတော့ ကိစ္စတွေက လျင်လျင်မြန်မြန်ဖြစ်ပျက်နေပြီ။
ကိစ္စအားလုံးရဲ့ တရားခံက ကိုယ်တိုင်ပဲလို့ခံစားရတယ်။

ရွာနီးချုပ်စပ်ရှိသမျှလူတွေ တုန်လှုပ်နေကြပြီ။ ရွာတိုင်းကလုံခြုံစိတ်ချစွာနေထိုင်ဖို့အရေးကို တစ်ခုခုလုပ်ကြတော့မှာ။ ဘာလဲဆိုတာ တွေးကြည့်စရာမလိုတော့ပါ။ နယ်မြေကျွံကာရောက်ရှိလာသော ထိုခြင်္သေ့များကိုသတ်ဖြတ်ဖို့ပဲ လုပ်ကြတော့မှာ။ ကျီးလန့်စာစား နေထိုင်ဖို့ကမဖြစ်နိုင်သလို တောကိုတည်မှီပြီး လုပ်ကိုင်စားသောက်ရသူတွေလဲ ရှိသေးတယ်လေ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူOnde histórias criam vida. Descubra agora