part(7)

1.7K 210 13
                                    

Unicode

ကျောပိုးအိတ်တစ်လုံးနဲ့ဆိုတော့ ကျော်ထက်က မျက်လုံးပြူးပြီးကြည့်တယ်။
ဘာတွေတောင် သယ်ပါလိမ့်ရယ်ပေါ့။
တကယ်က တောထဲဝင်ရင် လိုအပ်တာသယ်ကြရမှာပဲ။
ညနက်လို့ ပြန်ဖို့ခက်ခဲ့ရင် သစ်ပင်ပေါ်တက်အိပ်ရမှာလေ။ ရေတွေဘာတွေ တွေ့ခဲ့ရင်လဲ ကိုယ်ကရေဆင်းချိုးချင်ချိုးအုံးမှာ.... ဒါကြောင့် သယ်စရာမကျန်ရအောင် သယ်ခဲ့ရတယ်။

မိုးသစ်တောက ကျော်ထက်အကြည့်ကို သိတယ်.... သဘောပေါက်တယ်။
ဒါပေမဲ့ မသိချင်ယောင်ဆောင်နေတယ်။

ဒူးလေးနဲ့ အတူ ဓားရှည်တစ်ချောင်းကိုကျော်ထက်က လွယ်လိုက်တယ်။ မြှားထည့်တဲ့အိတ်က ဖျင်ကြမ်းလွယ်အိတ်ပဲ။
ကျော်ထက်မှာ လက်နက်နှစ်ခုအပြင် ရေဗူးပဲပါတယ်။

"ကိုကျော်ထက်.... ထမင်းထုတ်ပေးရမလား"

ကျော်ထက်နဲ့ မိုးသစ်တောအနားကို ရောက်လာတဲ့ ကျော်ထက်မိန်းမက မေးတာ။

"မယူတော့ဘူး.... ဆင်စခန်းမှာ စားလိုက်မယ်"

.
.
.
.

မိုးသစ်တောနဲ့ကျော်ထက် ဖြေးဖြေးမှန်မှန်ပဲ လမ်းလျှောက်လာခဲ့တယ်။

တောခြေရောက်တော့.... စေတီလေးကို နှစ်ယောက်သာ ဦးခိုက်လိုက်တယ်။
ရွာသားတွေရဲ့ ဓလေ့အကျင့်လိုဖြစ်နေပြီ။
တောထဲကို ဘာအကြောင်းနဲ့ပဲသွားရ သွားရ တောစပ်ကစေတီလေးကို ဦးခိုက်ကြတယ်။

ဆင်စခန်းရှိရာနေရာထိ ဖြေးဖြေးမှန်မှန်လျှောက်လာခဲ့ကြတယ်။ သစ်ပင်တွေရဲ့ ရနံ့ဟာ စိမ်းမြပြီး ချိုမွှေးတယ်။ ကြိုးဝိုင်းထဲ ဝင်ကာစဆိုတော့ အပင်တွေက သိပ်တော့ မစိပ်ဘူး.... ခုတ်လှဲထားတဲ့အကွက်တွေကိုလဲ တွေ့ရတယ်။ တစ်နေရာထဲ ခုတ်ထားတာတော့ မဟုတ်ဘူး။
နေရောင်က သစ်ပင်တွေကြားကနေ ပြူထွက်လာတယ်။
မိုးသစ်တောနဲ့ကျော်ထက်လဲ ချွေးစို့စပြုပြီ။

ငှက်ကလေးတွေရဲ့အသံကို ကြားနေရတယ်။
လမ်းတစ်လျှောက် သစ်ပင်လေတိုးသံနဲ့ ငှက်သံပဲ ကြားရတယ်။ ကျော်ထက်က ရှေ့ကနေပြီးလျှောက်တယ်။
ကျော်ထက်နောက်က မိုးသစ်တောက လိုက်လျှောက်တယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူOù les histoires vivent. Découvrez maintenant