Unicode
တစ်ညလုံး မိုးကရွာသည်။
မိုးဦးစတင်တာမို့ တော်တော်လေးပြင်းထန်သော လေနှင့်အတူ မိုးသံကတစ်ညလုံးပဲ ကြောက်မက်ဖွယ်ကောင်းလှသည်။ အပင်ကြီးက ကြီးမားပြီးအရွက်ဖားဖားတွေက နှစ်ယောက်လုံးကိုလုံခြုံစေတယ်။ မိုးကာစကိုလဲ တစ်ယောက်တစ်လှည့်ကိုင်ပြီး ညကိုဖြတ်သန်းကြတယ်။ဟေဝန့်ဒဏ်ရာကို ဒီတိုင်းထားလို့မဖြစ်ပါ။
ကြာလေ ဒုက္ခများလေ ဖြစ်သွားနိုင်သည်။
ညက မိုးတွေလေတွေကြား ဟေဝန့်ကိုသက်သာရဲ့လားလို့ မကြာခဏမေးရတယ်။
.
.
.အလင်းရောင် မှုန်ပျပျမြင်ရတာနဲ့ ဟေဝန့်ရင်ခွင်ထဲက မိုးသစ်တော လှုပ်လှုပ်ရှားရှားနှင့် နိုးလာချေပြီ။
မိုးစဲတဲ့ အာရုံတက်လောက်မှာ မိုးသစ်တော အိပ်ပျော်သွားခဲ့တာ။
ဟေဝန်က သစ်ပင်ကြီးရဲ့ ပင်စည်ကိုမှီကာ မိုးသစ်တော အိပ်ယာနိုးတာကို စောင့်ကြည့်နေလျက်။ ဟေဝန်က တစ်ညလုံး အိပ်စက်ခဲ့ပုံမရပါ။"ဟေဝန်...."
"မို....."
ထိုသို့ တစ်ဦးကိုတစ်ဦးအသံပေးခြင်းသည် ပြီးပြည့်စုံလှသော မနက်ခင်းနိုးထမှုဖြစ်သည်။
"ဟေဝန်....."
မိုးသစ်တောက ဟေဝန့်ရင်ဘတ်ဆီကို ခေါင်းတိုးကာ ချွဲရသေးသည်။
မိုးသစ်တောရဲ့ ဆံစလေးတွေကို ပွတ်သပ်ပေးခြင်းက ဟေဝန့်ရဲ့ အသိအမှတ်ပြုမှုဖြစ်သည်။ငှက်ကလေးတွေ တကျီကျီနဲ့ တောက အသက်ဝင်စပြုပြီ။ ဟေဝန်နဲ့ တူတူ ခရီးဆက်ရတော့မည်။
ဟေဝန့်နေထိုင်ရာ တောကြီးထဲကိုလား.... မိုးသစ်တောတို့နေထိုင်ရာ ရွာကိုလား။
ဟေဝန်ကသာ ရွေးချယ်ရလိမ့်မည်။
မိုးသစ်တောက ဟေဝန့် ရွေးချယ်မှုနောက် လိုက်ရမည့်သူ။ညက လက်ကျန်အသီးလေးတစ်ချို့ကိုပဲ စားကြရသည်။ ရေကိုတော့ သစ်ပင်ကြီးရဲ့ အရွက်တွေပေါ်တင်ကျန်ခဲ့တဲ့ မိုးရေကို ဖြည်းဖြည်းချင်းစုပ်ယူကာ သောက်ရသည်။
အထုတ်အပိုးတွေကိုသိမ်းဆည်းပြီး သစ်ပင်အောက်ကိုဆင်းကြဖို့ ပြင်သည်။
ဟေဝန်က သစ်ပင်ဂွဆုံကနေ တောကြီးတစ်ခုလုံးကို အပေါ်စီးက ကြည့်သည်။
ပတ်ဝန်းကျင်ကို လေသင့်ရာလမ်းကြောင်းအတိုင်း အနံ့ခံတာကိုလဲ မြင်သည်။
ဟေဝန်ရဲ့ စေ့စေ့စပ်စပ် ပတ်ဝန်းကျင်လေ့လာမှုအပြီးမှာ ဟေဝန်က တောကြီးထဲကိုတည့်တည့်လှည့်ကာ ကျယ်လောင်သောအသံတစ်ခု အော်မြည်သည်။

ŞİMDİ OKUDUĞUN
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
Genel Kurguလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...