part(60)

928 48 2
                                    

ယောဟန် နိုးလာတော့ညရှစ်နာရီရှိပြီ။

"ဧလိယ...."

"အေး.... ငါရှိတယ်....သူငယ်ချင်း"

ကုတင်ပေါ်မှာ ရှိမြဲအတိုင်းနေရာမှမထဘဲ ယောဟန်ကခေါ်တယ်။
ဧလိယက စာအုပ်တစ်အုပ်ဖတ်နေရာကနေ စာအုပ်ကိုချပြီး ကုတင်နားထိလျှောက်လာတယ်။

"အဆင်ပြေလား.... မင်း....ရေချိုးလေ.... ညစာစားရအောင်"

"ဘယ်နှစ်နာရီရှိပြီလဲ"

"ရှစ်နာရီဆယ့်ငါး..."

"အမ်း.... ငါ အိပ်ပျော်သွားတာပဲ... ခုမှပဲ... သက်သာသွားသလိုလို.... ဖြစ်သွားတယ်"

ယောဟန်က အိပ်ယာထက်ကထလာရင်း ခေါင်းကိုဘယ်ညာဆတ်ကာ ခါတယ်။
သူ့ရင်ဘတ်မှာ ကြိုးနဲ့တွယ်ချိတ်ထားတဲ့ မျက်မှန်တန်းလန်း.... ဆံပင်တွေဖွာကြဲနေပြီး ဖိနပ်ကတော့ သူအိပ်ပျော်နေတုန်း ဧလိယ ချွတ်ပေးထားတာ။
သူငယ်ချင်းပုံစံက တော်တော်ပင်ပန်းပုံပေါက်ပါတယ်။

"မျက်မှန်တောင်မချွတ်မိဘူး.... အိပ်ပျော်သွားတာ.... မကျိုးတာတော်သေး"

"ဖိနပ်က ငါပဲချွတ်ပေးထားတာ.... မျက်မှန်ချွတ်ရင်း မင်း....နိုးသွားမှာစိုးလို့"

"အေးပါကွာ.... ငါရေအရင်ချိုးလိုက်မယ်.... ညတော့ မအိပ်ဘူးကွာ.... မနက်စောစော ငါ မဲဆောက်ကိုပြန်ရမယ်"

ဧလိယအခန်းက နှစ်ယောက်ခန်းကြီးကိုမှ facilities အပြည့်အစုံနဲ့မို့ ကျယ်ပြီးသပ်ရပ်ခမ်းနားနေတယ်။

"အိပ်လဲရတာပဲကို.... ငါ... မင်းနဲ့စကားပြောဖို့စောင့်နေတာပဲ"

"ငါလဲ မင်းနဲ့စကားပြောဖို့လာတာပါ.... အိပ်ပျော်သွားလို့ပါကွ"

ပြောရင်းဆိုရင်း ယောဟန်ကရေချိုးခန်းထဲကို ဝင်သွားပြီ။

.
.
.

"ညစာ.... မှာစားမလား.... အောက်ထပ်ကိုဆင်းစား​ကြမလား"

"အပြင်ထွက်စားရအောင်ကွာ.... "

"အင်း...."

Hotal ရှေ့ကနေ ကားတစ်စီးငှားကာ သူငယ်ချင်းနှစ်ယောက်ထွက်လာမိကြတယ်။
ညစာစားသောက်ကြရုံသက်သက်ပါပဲ။
ဘန်ကောက်ညတွေဟာ တိတ်ဆိတ်စွာပင်လှပနေဆဲပါ။ လူတွေအလွန်များလှတဲ့ ဘန်ကောက်မြို့ကြီးက တိတ်ဆိတ်သော်လည်း ထည်ဝါနေဆဲပါ။
ရောင်စုံမီးတွေနဲ့ မိုးမျော်တိုက်ကြီးတွေ... မာကျူရီမီးရောင်တွေ... မြွေတစ်ကောင်လိုမဲနက်နေတဲ့ ကတ္တရာလမ်းမတွေ.... အထပ်ထပ်နဲ့ဆောက်လုပ်ထားသော မိုးပျံလမ်းတံတားကြီးတွေ..... ဖွံ့ဖြိုးတဲ့တိုင်းပြည်တစ်ပြည်ရဲ့ ပြယုပ်တစ်ခုပါပဲ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now