part(26)

1.4K 167 16
                                    

Unicode

အမှောင်ထု ချဥ်းနင်းဝင်ရောက်စပြုပြီ။

ဟေဝန်က ဂူပြင်ကိုငေးမောရင်း မတ်မတ်ရပ်နေတယ်။
ဟေဝန်ရဲ့အရပ်ဟာ ဂူရဲ့အမိုးကိုထိလုလုဖြစ်နေတယ်။
သေးငယ်တဲ့ဂူသေးလေးဖြစ်တဲ့အပြင် ဟေဝန်က လူကောင်ကြီး​နေတာကိုး။
တောတွင်းသားဆိုတော့လဲ ကျန်းမာကြံ့ခိုင်တာ နေမှာပေါ့။

မိုးသစ်တောက ကျောပိုးအိတ်ငယ်လေးထဲကို ပစ္စည်းအားလုံးသိမ်းဆည်းပြီးထည့်တယ်။
တကယ်က ပစ္စည်းက အလာတုန်းကလိုမများတော့ဘူး။
ကြိုးနဲ့ ဓားတိုလေးနဲ့ အပိုယူလာမိတဲ့အဝတ်တစ်စုံနဲ့ပုဆိုးပိုင်းနဲ့ နာရီလေးနဲ့ မိုးကာစသေးတစ်စ.... ဒါတွေပဲ ရှိတော့တာပါ။
စားစရာ အစာခြောက်တွေက ကုန်ခဲ့ပြီလေ။
မီးခြစ်.... မီးခြစ်လေးထည့်ယူလာခဲ့သေးတယ်။
ကျောပိုးအိတ်လေးထဲက မီးခြစ်လေးကိုကြည့်ပြီး ဟေဝန်အကြောင်း သတိရမိတယ်။
ဟေဝန်ရယ်လေ..... ဂူထဲမှာ မှောင်တာမို့ မီးဖိုလုပ်ရအောင်လို့ပြောတာကို လက်မခံဘူး။
ညအမှောင်ထဲမှာ သူမြင်နိုင်စွမ်းရှိတာမို့ မီးဖိုခွင့်မပေးဘူး။ ညဘက်ဂူထဲက အလင်းရောင်က အန္တရာယ်များလို့တဲ​့လေ။ ဒါကြောင့် ညဘက် သူက မိုးသစ်တောကိုမြင်နိုင်ပေမဲ့ မိုးသစ်တောမှာတော့ သူ့ကို မမမြင်နိုင်ဘူး။ မိုးလင်းမှပဲ တစ်ဝကြီးကြည့်ခွင့်ရတဲ့ ဟေဝန်ပါပေါ့။
.
.
.

ကျောပိုးအိတ်လေးကို လွယ်ပြီး အဆင်သင့်စောင့်နေမိတယ်။
ဟေဝန်က ဘာတွေတွေးတောနေလေတယ်မသိဘူး။

"ဟေဝန်....."

"မို...."

ခေါ်သံကြားမှ မိုးသစ်တောရဲ့အနားကိုဖြေးဖြေးလေး လျှောက်ပြီး ရောက်လာတယ်။

"ဒီသားရေစက ဟေဝန့်ပစ္စည်းမှလား.... ယူခဲ့မယ်နော်"

မိုးသစ်တောအိပ်ဖို့ရာ ဟေဝန်ပြင်ဆင်ပေးထားတဲ့ ကျောက်သားဖျာလွှာပေါ်က သားရေချပ်ကို ကိုင်ပြီး မေးရတယ်။

ဟေဝန်က ခေါင်းညိမ့်ပြီး သားရေစကြီးကို ယူလိုက်တယ်။
ပြီးတော့ သားရေစကို သူ့ရဲ့အဝတ်ဗလာဖြစ်နေတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပတ်ပြီးခြုံလိုက်တယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now