💣💣💣💣💣💣
Warning အရေးအသားတွေအတွက် နားလည်ပေးပါ။
အသက်မပြည့်ရင် ဖတ်ရှုဖို့မသင့်တော့ပါ။
ဒါပဲပြောတတ်ပါတယ်။Unicode
မိုးရေတွေစိုရွှဲနေတဲ့ခန္ဓာကိုယ်နှစ်ခုဟာ ပူလောင်လွန်းနေတယ်။ ရင်ခုန်သံတွေက ထိန်းမရအောင် ဆူညံနေတယ်။ သွေးကြောတွေထဲမှာစီးဆင်းနေတဲ့သွေးတွေက မီးအပူပေးထားတဲ့ အကြော်ဆီတွေလို အမြုပ်ထပေါက်တော့မတတ် ကျစ်ကျစ်ဆူနေတယ်။
ဟေဝန့်ကို အဆင်ပြေပါတယ်လို့ ပြောပြီးကတည်း စပြီး ခက်ခဲတော့တာပဲ.... ဘာတွေလဲ ဆိုတော့.....
ကွပ်ပျစ်လေးပေါ်မှာ မိုးသစ်တောကို ဟေဝန်က တင်ပေးပြန်ပြီ။ အနေအထားက ခုဏအတိုင်းပဲ။ ထိုင်နေတဲ့ မိုးသစ်တောကို အုပ်မိုးကာကြည့်နေတဲ့ ဟေဝန်။
စည်းနှောင်ထုံးဖွဲ့မထားတဲ့ ဆံပင်တွေက ရေတွေတစ်တောက်တောက်ကျနေတယ်။
လူတစ်ကိုယ်လုံးက တုန်ရီပြီး ပြင်းထန်တဲ့စိတ်ခံစားချက်တစ်ခုကို အတင်းထိန်းချုပ်ထားရပုံပေါ်တာမို့ ဟေဝန်က မြင်နေကျပုံစံနဲ့ တော်တော်လေးကွဲပြါးနေတယ်။ သူ့စိတ်တွေကို အခုချိန်ထိလွှတ်မချသေးဘူးဆိုတာကို သူ့ရဲ့တင်းနေတဲ့မေးရိုးတွေက သက်သေပြနေတယ်။မိုလေးကို ဟေဝန်က သိပ်ချစ်တယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး။
ချစ်လွန်းလို့ ဖြစ်ပေါ်လာတတ်တဲ့ နောက်ဆက်တွဲခံစားချက်တစ်ချို့ကိုတော့ထိန်းပေးချင်နေတဲ့ ဟေဝန်။ ထိန်းထားရင်း ကြားကပဲ ထိုဆန္ဒတွေ ဖြစ်ပေါ်လာတဲ့အခါ သူ့အတွက်ထက် မိုလေးအတွက်ပဲ တွေးတဲ့ ဟေဝန်။
တကယ်တမ်း ဟေဝန်သာ စိတ်ရှိရင် မိုးသစ်တော မငြင်းနိုင်လောက်ဘူး.... လွတ်စရာအကြောင်းလဲ မရှိဘူး။အခုတော့ မော့်ကြည့်နေတဲ့ မိုလေးကို ဟေဝန် မနမ်းတော့ဘူး။ အဝတ်မပါတဲ့ မိုလေးကို ဖက်ပြီးထွေးပွေ့ပြီးနမ်းမိတာ အန္တရာယ်များတယ်ဆိုတာ ဟေဝန် သိပြီ။
ငုံ့ပြီး တစိမ့်စိမ့်ကြည့်နေတယ်။
ညိုပြီးစိုလဲ့နေတဲ့ ရေကြည်တွင်းလေးရဲ့ပြင်းထန်တဲ့ဆွဲဆောင်မှုမှာ မိုးသစ်တောကိုယ်တိုင် အလဲလဲအပြိုပြိုပါပဲ။"ဟေဝန်...."
ရေတွေကျနေတဲ့ ဟေဝန့်ဆံပင်တွေကို စုကိုင်ပြီးရေတွေ ညှစ်ချလိုက်တယ်။
ဟေဝန့်ရင်ဘတ်ကို ခေါင်းတိုးပြီး ဖိကပ်နမ်းလိုက်မိတယ်။
ဟေဝန်က မိုးသစ်တော မျက်နှာကို သူ့လက်တွေထဲထည့်ပြီး သေသေချာချာကြည့်တယ်။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...