🥅🥅🥅🥅🥅🏀🏀🏀🏀
Warning အရေးအသားများအတွက် နားလည်ပေးပါ။
အသက်မပြည့်သေးသူများဖတ်ရှုရန်မသင့်တော်ပါ။Unicode
.
.
.
.ပက်လက်လှန်ကာ မိန်းမောသွားတဲ့ဟေဝန့်ကိုမြင်ရတာ တော်တော်လေး ပျော်မိတယ်။ ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့စစ်ပွဲတစ်ပွဲကို အောင်နိုင်ခဲ့တဲ့စစ်သူကြီးတစ်ယောက်လိုပဲ မိုးသစ်တော ခံစားမိတယ်။
ဘုရင်ကြီးအတွက်အောင်မြင်မှုကို သယ်ဆောင်လာပေးနိုင်ခဲ့တဲ့ စစ်သူကြီးရဲ့အောင်မြင်မှုမျိုး။"ဟေဝန်.... အဆင်ပြေလား.... ဟင်... အခု... နေရတာ ကောင်းသွားလား"
ဟေဝန်က မျက်လုံးကိုစုံမှိတ်ထားကာ ခေါင်းညိမ့်ပြတယ်။
အသည်းယားစရာ.... စားပြီးနားမလည်....ဝါးပြီးမျိုချ
လူကို စကားပြန်တောင်မပေးဘူး.... အမူအယာနဲ့က ဘာလုပ်တာလဲ....ဟွန်း...."ဟေဝန်.....ဟေဝန်..... မိုက .... မိုက.... မကောင်းဘူးလား"
မိုးသစ်တောကလဲ ဟေဝန့်ပုံစံကိုအသည်းယားတာကြောင့် မရအရမေးတော့တယ်။
"အဟွန်း.... အဟွန်း"
ဘုရားရေ.... ဘုရားနဲ့သိကြား ကယ်တော်မူပါ။
ဟေဝန် လေ.... တစ်ခါမှ မရယ်ဖူးတာပါ။
ဟေဝန်ကလေ... မရယ်တတ်ဘူး....မပြုံးတတ်ဘူး...သိလား။ ရက်ပေါင်းများစွာတူတူနေခဲ့ပေမဲ့ ဟေဝန့် အပြုံး အရယ်ကို တစ်ခါမှ မတွေ့ဖူး မမြင်ဖူးခဲ့တာလေ။
ဒါ ဘယ်လိုတောင်ကျေနပ်သွားလို့ ပြုံးတာ ရယ်တာပါလိမ့်နော်။
ဟေဝန်ရယ် အသံဝါကြီးနဲ့ အဟွန်းလို့ တစ်ခွန်းရယ်သံဟာ မိုးသစ်တောရဲ့ကမ္ဘာကြီး နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီကရီကနေ သုံးရာ့ခြောက်ဆယ်ဒီကရီကို ပြောင်းပြီးလည်သွားတယ်။
တကယ်ကြီး ရယ်ချလိုက်တာပါလား ဟေဝန်ရယ်။
.
.ပြုံးနေတဲ့ဟေဝန့်နှုတ်ခမ်းတွေ.....
ပက်လက်လှန်နေတာကို ကြည့်ရတာ အားမရတာကြောင့် ဟေဝန့်ခါးပေါ်ကို ခွပြီးထိုင်လိုက်မိတယ်။
ဟေဝန့် မျက်နှာနားထိတိုးကပ်သွားမိတယ်။"ရယ်တာလား....ဟေဝန်....ရယ်တတ်တယ်ပေါ့လေ... ပြန်ရယ်ပြပါအုံး ဟေဝန်ရယ်.... တစ်ခေါက်လောက် ရယ်ပါအုံး"

STAI LEGGENDO
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
Narrativa generaleလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...