part(29)

1.5K 179 31
                                    

Unicode

ခဏမျှ တိတ်ဆိတ်သွားသော တဲအိမ်ငယ်လေး....

မိုးသစ်တော အတွေးတွေများစွာ ခေါင်းထဲသို့အလုံးအရင်း ဝင်ရောက်လာတယ်။
ဟေဝန့်မျက်နှာကိုမြင်ယောင်မိပြီး ဝမ်းနည်းတယ်။
ဟေဝန်ကြည့်တတ်တဲ့အကြည့်တွေကို မြင်ယောင်မိတဲ့အခါ လူကဆောက်တည်ရာမဲ့ချင်တယ်။

ကိုယ့်ခံစားချက်အလုံးစုံကို ကိုယ်တိုင်တိတိကျကျသိရဖို့ မိုးသစ်တောက ငြိမ်သက်ပြီး တွေးတောခြင်းကိုသာ လုပ်မိနေတယ်။

"အမေ.... ကျွန်တော့်ကို ဟေဝန့်အကြောင်း ​ပြောပြပါတော့...."

အမေအိုရဲ့ သက်ပြင်းချသံတိုးတိုးလေးနှင့်အတူ.... အဝေးကိုငေးနေတဲ့ မျက်လုံးတွေက မိုးသစ်တောကို ကြည့်လာတယ်။
အမေ့ရဲ့ အကြည့်တွေထဲမှာ စာနာနားလည်ခြင်းတွေပါသလို ဝမ်းနည်းခြင်းတွေ စိတ်ပူပန်ခြင်းတွေလဲ ပါတယ်။

.
.
.

တောကြီးထဲမှာ အမဲလိုက်ခြင်းနဲ့အသက်မွေးတဲ့ ဒီရွာက မိုးသစ်တောတို့ရွာနဲ့ တော်တော်လေးဝေးပြီး ခေါင်တယ်။ ဘေးပတ်ဝန်းကျင်ရွာမရှိဘဲ တစ်ရွာလုံးမုဆိုးတွေဖြစ်တယ်။
ကိုးကွယ်တာက နတ်ဆရာ...
ဘုန်းကြီးကျောင်းမရှိဘူး.... စာသင်ကျောင်းမရှိဘူး။

အမေအိုငယ်စဥ်က တောထဲကိုသွားတဲ့ မုဆိုးတွေရဲ့  ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ကြားသိရတယ်။
ဒီတောထဲမှာ သူတော်စင်တစ်ပါး နေထိုင်တယ်တဲ့။ တန်ခိုးကြီးတဲ့ သူတော်စင်ကြီးဘေးမှာ ကိုယ်ရံတော်လိုစောင့်ရှောက်ပြီး နေထိုင်တာက ခြင်္သေ့ကြီးတစ်ကောင်ဖြစ်တယ်တဲ့။
တစ်ဖြည်းဖြည်းနဲ့ သူတော်စင်ကြီးအကြောင်းတွေ.... သူတော်စင်ကြီး ပြတဲ့တန်ခိုးတွေဆိုပြီး ရွာမှာ တစ်စထက်တစ်စ နာမည်ကြီးလာခဲ့တယ်။
ယုံကြည်သူလဲရှိ... မယုံကြည်သူလဲရှိတယ်ဆိုပေမဲ့ သူတော်စင်ကြီးကို စောင့်ရှောက်တဲ့ ခြင်္သေ့ကြီးနဲ့သူဆတာ်စင်ကြီးတို့ရဲ့ အကြောင်းက ပြောစမှတ်ဖြစ်လာတယ်။

"တကယ်ပဲ တောထဲမှာ သူတော်စင်ကြီး ရှိခဲ့တာလား... အမေ..."

အမေအိုက ပြောလက်စကိုခဏနားရင်း ခေါင်းညိမ့်ပြတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူحيث تعيش القصص. اكتشف الآن