Unicode
"မို....."
စိတ်ချလက်ချနားမိသွားတဲ့ မိုးသစ်တောနားထဲကို ဟေဝန့်ခေါ်သံက ဝင်လာတယ်။
ဟေဝန်က တိုးတိုးလေးပဲ လေသံလေးပေးလိုက်တာပါ။
ဟေဝန့်ရင်ခွင်ထဲက မိုးသစ်တောက လှုပ်ရှားလာတယ်။
ဟေဝန့်ခါးကိုဖက်ပြီး ဟေဝန့်ရင်ဘတ်ကိုခေါင်းမှီကာ မိုးသစ်တော မှေးကနဲဖြစ်သွားတာ .... အခုတော့ လှုပ်လှုပ်ရှားရှားလေးနဲ့ နိုးလာတယ်။ရွာထဲကို ဝင်ရတော့မယ်။
ဟေဝန့်မျက်နှာကို လက်နဲ့ပွတ်သပ်ပြီး နိုးပြီဖြစ်ကြောင်းကို အသိပေးလိုက်ရတယ်။
ဟေဝန်က မိုးသစ်တောကို တစ်ချိန်လုံးချီပွေ့ထားရပြီး ကလေးငယ်တစ်ယောက်လို ထွေးပိုက်ထားခဲ့တာ။မိုးသစ်တောကို ပုခုံးထက်မှာတင်ပြီး ဟေဝန်ကခပ်သွက်သွက်လျှောက်သွားတယ်။
နာရီဝက်သာသာလောက် ထပ်ပြီးလျှောက်လိုက်ရတယ်။
ရွာစုစုက မှောင်ထဲမှာ အိပ်မောကျနေဆဲပါ။ဟေဝန်က ရွာကို တောစပ်ကနေတစ်ချက်လှမ်းပြီး ကြည့်တယ်။ ရွာက တိတ်ဆိတ်ငြိမ်သက်နေတယ်။
ခပ်ဖြေးဖြေးပဲ ရွာနားထိကပ်လာခဲ့ကြတယ်။
ရွာထိပ်တောစပ်မှာ ဟေဝန်က မိုးသစ်တောကို လမ်းလျှောက်ဖို့ ချပေးတယ်။ ခဏတော့ အိပ်စက်နေပြီး ငြိမ်သက်နေတဲ့ရွာကို စောင့်ကြည့်ရသေးတယ်။
အိမ်မွေးခွေးတွေ.... အမဲလိုက်ရာမှာ အဖော်ခေါ်တဲ့ ခွေးတွေ ရွာထဲမှာရှိတယ်။ လူရိပ်မြင်လိုက်မှာ စိုးရတယ်လေ။မိုးသစ်တောက ရွာထဲကိုဝင်မယ်လို့ ထင်ထားခဲ့တယ်။
ဒါပေမဲ့ ဟေဝန်က ရွာထဲကိုတည့်တည့်ဝင်ရတဲ့ လမ်းကနေဘေးကို ဖဲ့ဆင်းသွားတယ်။ မိုးသစ်တောက အသံမပေးချင်တာကြောင့် မမေးရသေးဘူး။တိတ်ဆိတ်နေတဲ့ လမ်းတစ်လျှောက်မှာ ဟေဝန်က လုံးဝခြေသံ မကြားရအောင်လျှောက်သွားတယ်။ မိုးသစ်တောကလဲ ဟေဝန့်လိုပါပဲ.... ခြေသံလုံလုံလေးနဲ့ ဖဝါးထပ်တူ လိုက်ရတယ်။
ရွာဘေးက ပတ်ပြီးလျှောက်သွားပြီး မကြာဘူး..... ဟေဝန်သွားချင်တဲ့နေရာကို ရောက်သွားတယ်။
ပတ်ဝန်းကျင်က ပိန်းပိတ်အောင်မှောင်နေဆဲပဲ။ ဟေဝန်က မိုးသစ်တောလက်ကိုဆွဲပြီး ခပ်သွက်သွက်လျှောက်တယ်။
တစ်ချို့နေရာတွေမှာ ကွေ့ကာဝိုက်ကာလျှောက်တယ်။
တစ်ချို့နေရာတွေမှာတော့ ဖြောင့်ဖြောင်းတန်းတန်းပဲသွားရတယ်။
သေသေချာချာကြည့်မှ မှောင်ထဲမှာ မြေပုံမို့မို့လေးတွေကိုလဲ တွေ့ရပြီး မှတ်တိုင်လိုသစ်သားပြါးတွေကိုပါ တွေ့မိတယ်။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...