part(46)

1.3K 159 17
                                    

Unicode

ရာသီဥတုသာယာတဲ့ နေ့တစ်နေ့ရဲ့ မနက်အာရုံတက်မှာပဲ ဟေဝန်နဲ့မိုးသစ်တောက ရွာကိုပြန်ဖို့ခရီးစထွက်ခဲ့တယ်။ တောကြီးကို ဖြတ်ဖို့အတွက် လုံလောက်တဲ့အစာသစ်သီး​တွေ ယူခဲ့ကြရတယ်။ တောထဲမှာ မမြင်နိုင်တဲ့အန္တရာယ်တွေလဲရှိသလို နားနားနေနေသွားကြဖို့လဲ စီစဥ်ထားတာကြောင့်ပါ။

မသွားခင်ရက်နည်းငယ်မှာပဲ တောထဲမှာကျန်ရစ်ခဲ့ကြမဲ့ ဟေဝန်ရဲ့အဖော်အပေါင်း စောင့်ရှောက်ကြသူအပေါင်းကို နှုက်ဆက်ကြရတယ်။
သူတို့လုံးဝ မတားဆီးနိုင်လို့သာ လွှတ်လိုက်ကြရတဲ့ပုံစံပါ။
သဘောကျပုံ မရဘူး။

ဟေဝန်က နေ့ရက်ပေါင်းများစွာ သူတို့နဲ့ စကားကြာကြာ ပြောနေရတယ်။ မိုးသစ်တော ထင်တာကတော့ တောကိုစောင့်ရှောက်ဖို့နဲ့ သူ့ကိုစိတ်မပူကြဖို့ပဲ ဖြစ်မယ်ထင်ပါတယ်။ လူသားနဲ့ဟေဝန်တို့သားအဖကြားမှာ ရှုပ်ထွေးတဲ့ပတ်သက်မှုတွေက သူတို့မျက်မြင်ပဲဆိုတော့ ဟေဝန့်ကို သူတို့စိတ်ပူတာ မဆန်းပါဘူး။

.
.
.
.

တောကို နှစ်ရက်လောက် နားလိုက်သွားလိုက်လုပ်ရင်း ဖြတ်ကျော်လာခဲ့တယ်။

ညဘက်ဆို ဆက်မသွားဘဲ အဆင်ပြေတဲ့သစ်ပင်တစ်ပင်ပေါ်မှာ အိပ်စက်အနားယူကြရတယ်။
ညဆိုရင် ဟေဝန် မအိပ်ပါဘူး။
ဟေဝန်က သူ့အနေနဲ့လူသားတွေကြားမှာနေထိုင်ဖို့ဖြစ်နိုင်ပါ့မလား တွေးတောနေပုံပါ။
မိုးသစ်တောက ဟေဝန့်ကို သတိရတိုင်းချော့တယ်။
ဟေဝန် ယုံကြည်ပြီးလိုက်ခဲ့တာ မှန်တယ်ဆိုတာကို ပြောပြရတယ်။

တတိယနေ့ည​နေမှာတော့..... မိုးသစ်တောတို့ရွာနဲ့ အနီးဆုံးနေရာကိုရောက်ခဲ့ကြပြီဖြစ်တယ်။
ဆင်စခန်းမှာဒီညအိပ်ရဖို့ပဲ တိုင်ပင်ပြီး ဆင်စခန်းရှိရာကို မမှောင်ခင်ရောက်အောင်သွားကြတယ်။

ဆင်စခန်းကိုရောက်တော့ ညမှောင်စပြုပြီ။
ခပ်ဝေးဝေးကလှမ်းမြင်ရတဲ့ဆင်စခန်းကို နှစ်ယောက်သား လျှောက်သွားကြတယ်။
ဟေဝန်ကစိတ်လှုပ်ရှားနေတယ်..... စိတ်လှုပ်ရှားနေတဲ့ ဟေဝန့်ကို အတန်တန်အထပ်ထပ်အားပေးရင်း တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်တွေကို ဖွဖွနမ်းရင်း ဟေဝန့်ကို နည်းမျိုးစုံနှစ်သိမ့်ရတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူTempat cerita menjadi hidup. Temukan sekarang