part(6)

2K 208 10
                                        

Unicode

ရာသီတွေ အလီလီပြောင်းလဲခဲ့ပါပြီ။
မိုးသစ်တောသည်လည်း တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီ။

ဆယ်တန်းအောင်ပြီး မိုးသစ်တောက Environmental ပိုင်းကိုစိတ်ဝင်စားလို့ အဲ့ဒါကိုပဲရွေးပြီးတက်ဖြစ်တယ်။

အခုရက်က ကျောင်းပိတ်တုန်းလေး ရွာကိုခဏပြန်လာတာ။
ရွာမှာ ကလေးတွေကို ဆရာလေးနဲ့အတူ စာပြကူနေတဲ့ မိုးသစ်တော....
အဖေနဲ့အမေက ရွာကျောင်းမှာ လုပ်အားပေးလုပ်ခိုင်းနေတာကြောင့် မိုးသစ်တော ယာယီစာပြကူပေးနေခြင်းဖြစ်သည်။

မိုးသစ်တော ဝါသနာပါသည်က သစ်တော သစ်ပင်တွေအကြောင်းသာ။
သစ်ပင်တွေနဲ့သက်ရှိတွေအကြောင်း သုသေသနလုပ်ချင်သည့်စိတ်က တစ်နေ့တစ်ခြားပင် တိုးလာနေတယ်။

ဝါသနာပါကာ တက္ငသိုလ်ကို တက်ရောက်ခွင့်ရသော်လည်း မိုးသစ်တောမှာ အဖေ့ရဲ့ရိုးမတောကိုတော့ လေ့လာခွင့်မရသေးပါ။

အဖေက မိုးသစ်တောကို ယခုတိုင်တောထဲသွားလာခြင်းမျိုး ခွင့်မပြုသေးပါ။
ဆင်စခန်းကိုတော့ သွားခွင့်ရနေပြီ။
ကျောင်းပိတ်လို့ ရွာကိုပြန်လာတိုင်း ဆင်စခန်းကို မိုးသစ်တောက ရောက်အောင်သွားတတ်သည်။
.
.
.

မိုးသစ်တောက အ​ဖေတူမို့ အရပ်ရှည်သည်။
အသားကတော့ မစံပယ်ကို တူတာကြောင့်ဖြူသည်။
ငယ်ငယ်ကလောက် မပိန်တော့ပါ။
ယောကျားပီသသောရုပ်ရည်ချောချောနှင့် ရွာကိုပြန်ရောက်ကတည်းက ပျိုတိုင်းကြိုက်တဲ့ စိန်ပန်းခိုင်ကြီးဖြစ်နေရသူ။
မစံပယ်ရဲ့ ယက်ကန်းစင်မှ ယက်ကန်းသမများ တိုးတိုးတိတ်တိတ်ပြောကြသော အကြောင်းအရာသည် မိုးသစ်တောအကြောင်း....
ရွာထဲက မိန်းမပျိုများ၏ အိမ်မက်မင်းသားလေးသည်လဲ မိုးသစ်တောပဲ ဖြစ်သည်။

ကျော်ထက်သည် မနှစ်ကပဲ အိမ်ထောင်ကျသွားပြီ။

မိုးသစ်တောကတော့ မြို့မှာကျာင်းတက်ခဲ့သူလဲ ဖြစ်ပြန် စိတ်ပါဝင်စားသည်ကလဲ တောမှတော.... အိမ်မက်မက်တိုင်းလဲ တောပဲဖြစ်နေတာမို့ မိန်းမယူတာကို ခေါင်းထဲမထည့်နိုင်။
မိန်းမနဲ့ပတ်သက်တာ စိတ်မဝင်စားအားသေးပါ။
ရည်းစားကတော့ ထားဖူးခဲ့သည်။
အဆင်မပြေတော့လဲ လမ်းခွဲကြတာပေါ့။
ရည်းစားနှစ်ယောက်လောက်ပြတ်သွာတာနဲ့ မိုးသစ်တော ရည်းစားထားသည့်ကိစ္စကို ခေါင်းထဲ မထည့်တော့။ ကိုယ်တကယ် ရင်ခုန်မိ ချစ်မိတာနဲ့.... လှလို့ တဒင်္ဂစိတ်သာယာမိတာကို ခွဲခြားတတ်တဲ့အရွယ်လဲ ရောက်နေပါပြီ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now