အိပ်ယာနိုးတာ စောသေးတယ်။
အလင်းရောင်ကလုံးဝမမြင်ရသေးပါဘူး။မိုးသစ်တောက မျက်လုံးမဖွင့်ဘဲ လူးလွန့်ကာဟေဝန့်ကိုစမ်းတော့တယ်။ ခြုံထားတဲ့ သားရေကိုခါးကနေရင်ဘတ်ထိဆွဲယူကာ ခြုံတယ်။ ဂူထဲမှာအေးနေတယ်။
ညဆို ဟေဝန့် ကွပ်ပျစ်လေးပေါ်မှာ တူတူပဲအိပ်ကြတယ်။ ဟေဝန် တစ်ယောက်ထဲအိပ်ရင်တော့ ကျယ်ပေမဲ့ မိုးသစ်တော ရှိနေတဲ့အခါ နည်းနည်းတော့အိပ်ရတာကျပ်တယ်။ ဒါပေမဲ့လဲ ဟေဝန်က ညအိပ်တဲ့အခါ အသားချင်းမှမထိအောင် အိပ်ပေးရှာပါတယ်။
သူ အသည်းယားလို့နမ်းလဲ ညဘက်တော့မဟုတ်ဘူး။
မိုးသစ်တောကလဲ နမ်းတာထက်ပိုပြီး ဘာမှမလုပ်ရဲဘူး။ ဟေဝန့် ဘက်ကတစ်ခုခုပြောင်းလဲမှာကိုလဲ အမှန်တကယ်ကြောက်သေးတယ်။ ဒါကြောင့် အိပ်ရင်တော့ တစ်ယောက်နဲ့တစ်ယောက် စည်းထားကြပါတယ်။မိုးသစ်တောက နမ်းတာထက်ပိုတဲ့ကိစ္စတွေကို ကိုယ်တိုင်ကြောက်တာလဲ ကြောက်တယ်..... ဟေဝန့်ကို ကလိ ကလိဖြစ်အောင်လဲ လုပ်တတ်တယ်။
သူပဲကြောက်တတ်ပြီး သူပဲ မနိုင်နေတာပါ။ဟေဝန်က သူငယ်စဥ်ကတည်းက နေထိုင်ခဲ့ရာဂူဆိုတော့ နေသားကျနေတာပေါ့။ မိုးသစ်တော အတွက်က ညဆို အေးတယ်။ ခုဏပြောသလို ညဘက်အိပ်ကြတဲ့အခါ ဖက်ပြီးအိပ်ရတာမျိုး ဟေဝန့်ရင်ခွင်ထဲမှာဝင်ပြီး အိပ်ရတာမျိုးဆိုရင် နွေးနေမှာဆိုပေမဲ့ နှစ်ယောက်လုံးရှေ့မတိုးရဲသေးတဲ့စည်းကြောင့် ညဆို ခပ်ခွာခွာပဲ။
မိုးသစ်တောက ထောင့်လေးမှာကပ်အိပ်ပြီး ဟေဝန်ကလဲ ကွပ်ပျစ်အစွန်မှာလက်ကိုတင်းတင်းပိုက်ပြီးအိပ်တာ။ ဟေဝန်က လက်ပိုက်ပြီးအိပ်တတ်သူ။
ပြေးရင်းလွှားရင် သစ်ပင်ပေါ်မှာ ဟေဝန့်ရင်ခွင်ထဲဝင်ပြီး အိပ်ဖူးတယ်ဆိုပေမဲ့ အဲ့နေရာနဲ့ ဒီဂူနဲ့ကမတူဘူး။
ဂူထဲကိုရောက်နေတာ ဟေဝန့် အိမ်ကိုလိုက်လာရသလိုပဲ။ဟေဝန့် ဂူနံရံက သားရေချပ်တွေထဲက တစ်ခုက ဟေဝန့်ဖခင် ဖြစ်တယ်။ ဟေဝန်က သားရေချပ်ကိုခြုံပြီးအိပ်ရင် နွေးစေမယ်တဲ့။ လက်အတိုင်း ခြေအတိုင်း ကိုယ်လုံးအတိုင်းတိုင်း ရှိနေသေးတဲ့သားရေချပ်ကို နံရံကနေဖြုတ်ပေးတယ်။ နှစ်ပေါင်းများစွာကြာသည့်တိုင် တောဘုရင်ရဲ့ ပါဝါက လွှမ်းခြုံလိုက်တဲ့အခါ မပျောက်မပျက်ခံစားနေရသေးတယ်။ လုံခြုံပြီး နွေးထွေးတယ်။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...