Unicode
မိုးသစ်တောရဲ့ကျောင်းက ဒီတစ်နှစ်နားရမယ်ဖြစ်သွားသည်။ တောထဲမှာကြာခဲ့သည့်အချိန်တွေကြောင့် ပိတ်ရက်ကကျော်သွားခဲ့ပြီ။ အဖေက ကျောင်းကိုသွားပြီးညှိနှိုင်းချင်ပေမဲ့ မိုးသစ်တောက ဒီတစ်နှစ်ကိုနားလိုက်ဖို့ပိုပြီးဖြစ်ချင်နေတာ။
ဟေဝန်က လူတွေကိုမကြောက်မရွံ့နေနိုင်ပေမဲ့ တစ်နေ့တစ်နေ့သူ့ကို လာကြည့်ကြတာတွေကို သူစိတ်ရှုပ်နေပြီ။ အလုပ် တစ်ခုခု လုပ်ခိုင်းရအောင်ကလဲ ဟေဝန်အတွက် ရွာမှာလောလောဆယ် အလုပ်မရှိသေး။ ဆင်စခန်းကို သွားပြီးအလုပ်လုပ်ရင် အဆင်ပြေနိုင်လားဆိုပြန်တော့လဲ မိုးသစ်တောကသူနဲ့ခွဲပြီး ထားရတာကို စိတ်မချပြန်ပါ။
ကျောင်းကိုပြန်မတက်ရသေးသည့် အဓိကအကြောင်းအရင်းမှာ ဟေဝန်သာဖြစ်သည်။ ပါးစပ်ကထုတ်ပြောလို့လဲမရဘူး.... အမူအယာနဲ့လဲ လူတွေမသိအောင်နေ နေရတယ်။ တကယ်တော့ ရင်ထဲမှာ ဟေဝန့်အတွက်လို့ပဲ အရာရာတွေးမိနေတာ။
အဖေရော အမေပါ မိုးသစ်တောစကားကို သိပ်ပြီးမငြင်းဆန်ကြပါ။
သူတို့သားရဲ့အသက်ထက်ပိုပြီး သူတို့လိုချင်တာဘာမှ မရှိဘူးလေ။ သားလေးစိတ်ချမ်းသာဖို့နဲ့ သားလေးဖြစ်ချင်တာကို အတတ်နိုင်ဆုံးလိုက်လျောကြဖို့သာ ကြိုးစားပေးကြသည်။
ဒါကို နားလည်သဘောပေါက်တဲ့ မိုးသစ်တောကလဲ မိဘကို စိတ်ညစ်အောင် မနေရဘူး မပြောရဘူးဆိုတာသိပါသည်။ သို့သော် နေ့တိုင်းအဆင်ပြေအောင်နေလို့ရနေပေမဲ့ ဟေဝန်နဲ့ပတ်သက်ပြီး စိတ်ကမချနိုင်သေး။ဟေဝန့်မှာ ပြသနာသုံးခုရှိသည်။
တစ်ခုက နေ့တိုင်းအိမ်ရှေ့ကွပ်ပျစ်မှာထိုင်ပြီး ရွာလမ်းကိုငေးနေရတာကြောင့်ပျင်းရိနေရတာတစ်ခု....
သူ့ကိုအထူးအဆန်းလိုပဲ လာ လာပြီးချောင်းကြည့်နေတာကို စိတ်ရှုပ်တာက တစ်ခု....
နောက်တစ်ခုကတော့ ကျော်ထက်ပဲ ဖြစ်သည်။
ဟေဝန်က ကျော်ထက်ကို သိသိသာသာမလိုလားကြောင်း ပြသည်။
အိမ်က တခြားလူတွေသတိမထားမိပေမဲ့ မိုးသစ်တောက ကောင်းကောင်းကြီးကိုရိပ်မိနေပါသည်။
ဟေဝန်က သဝန်တိုနေတာဖြစ်သည်။
သူတစ်ချက်ဟိန်းဟောက်ရင် နေစရာမရှိဖြစ်သွားတဲ့ မျောက်ဝံတို့နဲ့တောင် သဝန်တိုခဲ့တာလေ။ လူလူချင်းကတော့ ပြောမနေပါနဲ့တော့။

أنت تقرأ
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
قصص عامةလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...