ဇုံဇုံအိမ်ကိုပြန်ရောက်လာတော့ ပါပါးရောကိုကိုကြီးပါ ဧည့်ခန်းမှာထိုင်ပြီးစောင့်နေကြတယ်။ မမြတ်ရော မေမေရောမျက်နှာမကောင်းပါ။
ဇုံဇုံ စိတ်ကိုတည်ငြိမ်အောင်ထားပြီး အိမ်ထဲကိုဝင်တယ်။
လူကြီးတွေစကားပြောစရာရှိနေတာကိုသိတာကြောင့် ခေါ်နေတာကိုမစောင့်တော့ဘူး.... အနားထိသွားလိုက်တယ်။"ဇုံဇုံ...."
ပါပါးနဲ့ကိုကိုကြီးအသံက တပြိုင်နက်ထဲထွက်လာတယ်။
"ဇုံဇုံ.... လာစမ်းပါအုံး..... ဘာကိစ္စလူကြီးတွေကိုမပြောဘဲ ထွက်သွားရတာလဲ"
ပါပါးအသံကဒေါသထွက်နေသော်လည်းထိန်းထားရသလိုပါ။ ကိုကိုကြီးက တစ်ခုခုပြောဖို့ပြင်တယ်။
ပါပါးက ကိုကိုကြီးကိုစကားပြောခွင့်မပေးသေးဘူး။
လက်ကာပြီးတားတယ်။"ဇုံဇုံ.... သားသိတာ နည်းနည်းလေးရယ်နော်.... သား.... နားမလည်တာတွေ.... သားလိုက်ပြီးမစဥ်းစားနိုင်တာတွေ.... အများကြီးရှိသေးတယ်..... နိုင်ငံရေးကရှုပ်ထွေးတယ်.... သားကငယ်သေးတယ်.... ဒါကြောင့်.... သား အခုလိုလမ်းမပေါ်ထွက်တာတွေ ပါပါးခွင့်မပြုဘူး"
"ဒါပေမဲ့....ပါပါးရယ်...."
ဇုံဇုံကစကားပြောချင်သော်လည်း ဘယ်ကစပြီးပြောရမယ်ဆိုတာမသိဘူး။
ပါပါးနဲ့ယှဥ်ပြီးပြောဖို့လဲမဖြစ်နိုင်သလို ပါပါးစိတ်တိုသွားအောင်ပြောလိုက်သလိုဖြစ်မှာလဲကြောက်ရသေးတယ်။ အားကိုးတကြီးပဲ ကိုကိုကြီးကိုကြည့်မိတယ်။ကိုကိုကြီးနဲ့ဇုံဇုံကအသက်ဆယ်နှစ်ကွာတယ်။
ဒါ့အပြင်ကိုကိုကြီးက ပါပါးအားကိုးရတဲ့သားကြီး။
စီးပွားရေးကို နားလည်တယ်။ ဉာဏ်လဲထက်တယ်။
ဇုံဇုံကတော့ အငယ်လဲဖြစ်သလို တစ်ချိန်လုံးအဖေအမေအစ်ကိုရဲ့ ဂရုစိုက်မှုကိုအကုန်ရပြီးနေလာခဲ့တာဆိုတော့ မရင့်ကျက်သေးဘူး။
ကိုကိုကြီးအသက်နှစ်ဆယ်အရွယ်နဲ့ဇုံဇုံအသက်နှစ်ဆယ်အရွယ်က မတူဘူး။ ကိုကိုကြီးက ကျောင်းမပြီးခင်ကတည်းက ပါပါးကုမ္ပဏီမှာ အလုပ်ကိုကူနေတာ။
အသက်ငယ်ငယ်လေးနဲ့ စီးပွားရေးလောကမှာ နာမည်ကောင်းရှိတယ်။ဒီ....မရင့်ကျက်တဲ့ဇုံဇုံလေးက အခုရင့်ကျက်နေပါပြီလို့ ဘယ်လိုပြောပြော မိသားစုကလက်ခံမှာမဟုတ်ဘူး။
လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ အမေဖြစ်သူကိုချွဲနေဆဲဖြစ်တဲ့ ဇုံဇုံကဘယ်လိုချက်ချင်း ရင့်ကျက်မှာတဲ့လဲ။
ဇုံဇုံကလဲ သူ့ရင်ထဲမှာလက်ခံထားတဲ့အမှန်တရားနဲ့ယုံကြည်မှုတစ်ခုကို ဖော်ပြချင်တယ်။
ဘယ်လိုပဲ ချမ်းသာတဲ့မိသားစုရဲ့ အချစ်ခံလေးဖြစ်ခဲ့ရပါစေလေ။ ဇုံဇုံသိသင့်သလောက်တော့သိပါတယ်။
ကိုကိုကြီးနဲ့ မတူပေမဲ့ ကိုကိုကြီးလောက်မတော်ပေမဲ့ ကိုကိုကြီးလောက်မထက်မြက်ပေမဲ့ ဇုံဇုံလဲသိသင့်သလောက်သိနေပါပြီ။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...