ဧလိယ ဘန်ကောက်ကိုပြန်ရောက်နေပါပြီ။
ယောဟန်ကတော့ အစည်းအဝေးပေါင်းများစွာနဲ့ သူ့ရဲ့ honey moon ခရီးကိုပင်ဖျက်လိုက်ရပါပြီ။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းဆိုပေမဲ့ တော်တော်လေးအလုပ်များသွားကြပါတယ်။ဘန်ကောက်က အမေရိကန်သံရုံးထဲမှာလဲ မြန်မာ့အရေးကိုနေ့တိုင်းထည့်သွင်းဆွေးနွေးကြပါတယ်။ ဧလိယက ကိုယ့်တိုင်းပြည်အကြောင်းဆိုပေမဲ့ တာဝန်ရှိသူမဟုတ်တော့လဲ ဒီတိုင်းငြိမ်ပြီးကြည့်နေရတယ်။ ဒီနေရာမှာလဲ ဧလိယက ကြာကြာနေလို့မရဘူး။
သတင်းတွေကိုစောင့်ကာနားစွင့်ရင်း ဘန်ကောက်ကဟိုတယ်တစ်ခုမှာ တည်းခိုနေမိတယ်။
တကယ်တမ်း ဧလိယ စီစဥ်ထားတာက ယောဟန်ရဲ့မင်္ဂလာပွဲပြီးရင် မြန်မာပြည်ထိအလည်ခဏသွားဖို့ပါ။
နှစ်ပေါင်းများစွာဝေးကွာနေခဲ့တဲ့ အမိမြေကိုခဏတော့ပြန်ချင်သေးတယ်လေ။မြန်မာပြည်ရဲ့သတင်းက လတ်တလောအရမ်းကို hit ဖြစ်နေတယ်။ လွယ်လွယ်ကူကူဖြေရှင်းလို့မရဘူးလို့ လေ့လာသုံးသပ်သူတွေကဆိုတယ်။
ဒါကို ဧလိယလဲ သိပါတယ်။
တိုင်းပြည်တစ်ပြည်မှာ အာဏာသိမ်းမှုဖြစ်ပြီဆိုရင် လွယ်လွယ်ကူကူနဲ့ ပြသနာတွေကိုဖြေရှင်းပြီးတာမျိုးမရှိပါဘူး။ ဧလိယက အရှေ့အလယ်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့သူဆိုတော့ ပိုပြီးသိတယ်။ စစ်မဖြစ်ပါစေနဲ့.... အထူးသဖြင့် ပြည်တွင်းစစ်မဖြစ်ပါစေနဲ့လို့ ဧလိယဆုတောင်းမိတယ်။လက်ရှိ ဧလိယ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာလဲ စစ်တပ်အာဏာသိမ်းမှုဖြစ်ထားတာပါပဲ။ သို့သော် မြန်မာပြည်နဲ့ထိုင်းရဲ့ အာဏာသိမ်းမှုကွာခြါးချက်အများကြီးရှိတယ်။
တိုင်းပြည်ရဲ့ GDP တွေကွာသလို စစ်တပ်သဘောထားချင်းလဲကွာပါတယ်။
လူတစ်ဦးချင်းဝင်ငွေနဲ့ အစိုးရကပြည်သူအပေါ် ပေးအပ်ထားတဲ့လုံခြုံမှုကွာခြါးတာကလဲ ရေရှည်မှာတော်တော်လေး စကားပြောပါတယ်။ခေတ်အဆက်ဆက်မြန်မာပြည်သူအများစုဟာ ဖိနှိပ်ခံရသူတွေပါ။ ပြည်သူတွေဟာ ကိုယ်ပိုင်အရည်အချင်းရှိသော်လည်း နောက်ခံမကောင်းရင်ရပ်တည်ဖို့မလွယ်ကူကြပါဘူး။ ကိုယ်ပိုင်အရည်အချင်းနဲ့ ထွန်းပေါက်အောင်မြင်သူတွေရှိသော်လည်း နည်းပါတယ်။ တကယ်တမ်းဆိုရင် မြန်မာပြည်ကလူတော်တော်များများက အရည်အချင်းရှိသူတွေပါ။
လက်ရှိအနေအထားထက်ပိုကောင်းတဲ့ စနစ်တွေသာရှိခဲ့ရင် မြန်မာပြည်ကပြည်သူတွေဟာ ဘယ်နေရာရောက်ရောက်ခေါင်းမော့ရင်ကော့ပြီး နေနိုင်သူတွေဖြစ်ကြရမှာပါ။ မြန်မာပြည်သူတွေရဲ့ မျိုးရိုးဗီဇက တကယ်သတ္တိရှိပြီး ရဲရင့်ကြသူတွေဖြစ်ပါတယ်။ ဉာဏ်ရည်လဲထက်မြက်ပါတယ်။

VOCÊ ESTÁ LENDO
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
Ficção Geralလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...