[Unicode]
ဒီလိုTrollကောင်နဲ့အမှန်အမှားကိုပြိုင်မငြင်းသင့်ဘူး
TTC၏အသင်းယူနီဖောင်းကိုဝတ်ထားသည့် မျက်နှာစိမ်းကစားသမားနှစ်ယောက် စင်ပေါ်တက်လာသည်ကိုကြည့်နေရင်း ကျန်းရုန်မှာ အဖုံးဖွင့်ထားပြီးဖြစ်သည့် အသင့်သောက်ကော်ဖီဘူးကိုပင် သောက်ရန်မေ့သွားတော့သည်။ barrageထဲမှာလည်း "??????"တွေနှင့် ပြည့်ကျပ်ကုန်ပြီး ကျန်းရုန်ရဲ့ကွန်ပြူတာပင် စက္ကန့်အနည်းငယ်လောက် lag(ထစ်)သွားလေသည်။
ပရိတ်သတ်တွေကိုမဆိုထားနှင့် စင်ပေါ်မှာနေရာယူထားပြီးဖြစ်သည့် အစားထိုးကစားသမားနှစ်ယောက်လုံး အထူးသဖြင့် Road၏အစားထိုးကစားသမားပင်လျှင် အတော်လေး သောကရောက်နေဟန်နှင့်။
ရှင်းလင်းတင်ဆက်သူ သုံးယောက်သည်လည်း ကို့ရို့ကားယား ပဟေဠိဖြစ်နေသည့်အပြုံးတွေနှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးမှ အမူအရာကို ပြန်ပြောင်းလိုက်ကြသည်။
"TTCမှာ ဗျူဟာတွေသေချာပေါက်ရှိနေလောက်တယ်...နော်"
ရှင်းလင်းတင်ဆက်သူAက အကြောင်းအရာအသစ်ကို ပြောင်းလိုက်သည်။
သူ့အသင်းဖော်၏ အချက်ပြမှုကိုရသည်နှင့် အခြားတစ်ယောက်ကလည်း အလျင်အမြန်ခေါင်းငြိမ့်ကာ ဝင်ထောက်ခံသည်။
"အခြားနည်းလမ်းအသစ်တွေကိုလည်း သေချာပေါက်လေ့ကျင့်ထားကြမယ်ထင်တယ်၊ ဒါပေမယ့် ကျွန်တော်သာ အမှတ်မမှားရင် ဒီတစ်ခေါက်က TTCရဲ့အစားထိုးJunglerအတွက် ပထမဆုံးအကြိမ် စင်ပေါ်တက်တာမလား?"
"ဟုတ်တယ်၊ သူက အတော်လေးအင်အားကြီးပြီးတော့ အဖွဲ့လိုက်တိုက်စစ်ဆင်တာတွေမှာလည်း တော်တဲ့ကစားသမားလေ"
ပြိုင်ပွဲက တရားဝင်မစသေးသည်ကြောင့် ကပ်ဖားရပ်ဖားလုပ်နေသည့် ရှင်းလင်းတင်ဆက်သူတွေ၏စကားဝိုင်းကို နားမထောင်ချင်တာမို့ ကျန်းရုန်က အသံကိုပိတ်လိုက်ပြီး မေးခွန်းမေးလိုက်သည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~