(Unicode)
လုပေါ်ယွမ် ကင်မရာမြင်ကွင်းဆီမှ ထွက်သွားပြီးသည့်နောက်တွင် Streamerနှင့် သူ၏WFတွေမှာ သတိပြန်ဝင်လာဖို့ အချိန်အနည်းငယ်ယူလိုက်ရသည်။
[ဒါကအသင်းသားတစ်ယောက်ဖြစ်ရခြင်းရဲ့ အကျိုးအမြတ်လား???]
[ရုတ်တရက်ကြီး ဟိုနေ့ကရှောင်ပိုင်ရဲ့Streamကိုကြည့်နေတုန်းက ကိစ္စတစ်ခုကို သတိရသွားတယ်။ ရှောင်ပိုင်က Apheliosကိုင်ထားလို့ ဘယ်Runeရွေးရမလဲ Pineကိုမေးနေတာ။ ဟိုကပြန်ဖြေတယ် “Tencentရဲ့ဂိမ်းလက်ထောက်က မင်းကိုဝန်ဆောင်မှုမပေးချင်လို့လား”တဲ့ hahahaha]
[Runesကိုချိန်းပေးချင်တယ်ဆိုရင်တောင် လက်ကိုင်စရာမလိုဘူးလေ!!!]
[ဟုတ်ပ တကယ်ဆို ရှောင်ရှာပိကိုပေါင်ပေါ်တင် ဘယ်လိုသုံးရတယ်ဆိုတာရှင်းပြရင်း Runeတွေရွေးပေးသင့်တာ!]
[ချီးပဲ သူပြောင်းသွားတာအရမ်းမြန်လွန်းတော့ Roadရဲ့Runesတွေကို ငါမမြင်လိုက်ရဘူး!! မြင်လိုက်တဲ့သူရှိရင် ငါ့ကိုပြန်ပြောပြပါဦး]
[ငါလည်းမမြင်လိုက်ဘူး ငါ့ယောကျာ်းမျက်နှာကြည့်ရင်း အလုပ်များနေတာနဲ့ QAQ]
[သားလေး အဖေတို့ကူးချလို့ရအောင် ခုဏကRune pageကို ပြန်ဖွင့်ပေးပါလား]
ကျန်းရုန်က ခေါင်းကိုငုံ့ကာ လည်ပင်းကို ထပ်ခါထပ်ခါ ပွတ်နေမိသည်။
“မင်းတို့တွေအသုံးမကျပုံမျိုးနဲ့ ဘယ်Runeသုံးသုံး အတူတူပဲ”
[???]
[ချီးလိုပဲ ဘာကြောင့်များ StarTVမှာ WFတွေက Streamerကို တိုက်ခိုက်တဲ့အခါပဲ သတင်းပို့လို့ရတာလဲ? Streamerက WFတွေကို တိုက်ခိုက်တာကိုကျ သူတို့ဂရုမစိုက်ကြဘူးလား?]
[ဒါလေးကိုတောင် အဖေတွေကို မမျှဝေချင်ဘူးပေါ့? မိဘပေးစားလို့ညားတော့မှ မိဘအိမ်ကိုပုန်ကန်တာလား??]
ကျန်းရုန် သူတို့အုပ်စုကို လျစ်လျူရှုထားလိုက်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ဂိမ်းအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။
သူ့Lee Sinက တကယ်ကို သာမန်လောက်သာဖြစ်သည်။ သို့သော် Diamond tierအတွက်တော့ လုံလောက်ပြီး Road၏Runeအကူအညီကိုပါ ပေါင်းထည့်လိုက်တော့….ဂိမ်းအလယ်ပိုင်းတွင် ရန်သူဘက်မှJungleက ကျန်းရုန်၏ဒုတိယအိမ် ဖြစ်လာတော့သည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~