(Unicode)တစ်ဆိတ်လောက် မင်းက ကမ္ဘာကျော်တဲ့ စီချွမ်အော်ပရာမျက်နှာပြောင်းသူ ဆရာကြီးSoftများလား?
( T/N : စီချွမ်အော်ပရာထဲမှာ သရုပ်ဆောင်က စင်ပေါ်မှာပဲ မျက်နှာဖုံးတွေအများကြီးကို လဲပြတဲ့အပိုင်းပါပါတယ်။ အခြားအဓိပ္ပါယ်ကတော့ မျက်နှာအပြောင်းအလဲမြန်သူလို့ ဆိုလိုတာပါ )
ကျန်းရုန်ကတော့ တစ်ဖက်လူရဲ့ခေါင်းကို ဒီပုံးနဲ့ဘယ်လိုပစ်ပေါက်ရမလဲဆိုတာပင် စီစဥ်ပြီးသွားချေပြီ။
ပစ်ပေါက်ရုံတင်မဟုတ်ဘူး အဲ့ကောင်ကိုရိုက်ပါရိုက်ပစ်ဦးမယ်!
လုပေါ်ယွမ် သူ့လက်မောင်းကိုလွှတ်ပေးလိုက်သည်နှင့် လက်သည်းတွေကိုသွေးထားသည့် တောလိုက်ကျားသစ်လို ကျန်းရုန် တံခါးဆီတစ်ဟုန်ထိုးသွားလိုက်သည်။
ကျန်းရုန်က တကယ်ကိုနောက်ကလိုက်ဖို့ ရည်ရွယ်ထားမည်ဟု မမျှော်လင့်ထားသည်ကြောင့် လုပေါ်ယွမ် အမြန်လှမ်းပြီး သူ့လက်မောင်းနဲ့ကျန်းရုန်ရဲ့လည်ပင်းတစ်ဝိုက်ကို သိုင်းဖက်ကာ အမြန်တားလိုက်ရသည်။ ကျန်းရုန်လည်း သူရှေ့ထုတ်ထားတဲ့ခြေထောက်ကို ချက်ချင်းပြန်ရုတ်လိုက်မိ၏။
လုပေါ်ယွမ်က အခုလေးတင် လက်ဆေးလာခဲ့သည်မို့ သူ့ရဲ့လက်ဖဝါးက အေးစက်နေသည်။ သို့သော်လည်း ကျန်းရုန်မှာတော့ သူတို့ထိမိနေသည့်နေရာတွေက တစ်ဖြည်းဖြည်းစတင်လောင်ကျွမ်းနေသည်ဟုပင် ခံစားနေရသည်။ ကျန်းရုန် မသိစိတ်အရ တံတွေးမြိုချလိုက်မိသည်။
ကျန်းရုန်က အရေပြားပါးသူမို့ သူ့လည်ချောင်းရဲ့လှုပ်ရှားမှုက လုပေါ်ယွမ်အား သတိထားမိသွားစေသည်။ နှစ်စက္ကန့်လောက်အကြာ လုပေါ်ယွမ် သူ့ကိုလွှတ်ပေးလိုက်ပြီး ကျန်းရုန်ရဲ့ခေါင်းကို ပုတ်ပေးလိုက်၏။
"ဒီလောက်နောက်ကျနေတာ သူတို့ဘယ်နားမဆိုပုန်းနေလို့ရတယ် ၊ မင်းရှာလို့တွေ့မှာမဟုတ်ဘူး" လုပေါ်ယွမ်ကပြောလာသည်။ "ပုံးကိုချလိုက်"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~