[Unicode]ခုရက်ပိုင်းဘာလို့ကိုယ့်ကိုအတူကစားဖို့မခေါ်တော့တာလဲ?
လုပေါယွမ် ဆေးလိပ်သောက်သည့်အကြောင်း ကျန်းရုန်သိပြီးသားပင်ဖြစ်သည်။ အရင်တစ်ခါ ၀ရံတာမှာ "ခိုးနားထောင်"သလိုဖြစ်ခဲ့တုန်းက လုပေါယွမ် ဆေးလိပ်ပြာခွက်ကိုင်ပြီး အထဲပြန်၀င်လာတာကို သူမြင်ခဲ့ဖူးသည်လေ။
နှုတ်ခမ်းမှာစီးကရက်ခဲထားတဲ့ လုပေါယွမ်ရဲ့ပုံစံက သူ့ဆီကအမြဲလိုရနေကြဖြစ်တဲ့ နူးညံ့ညင်သာတဲ့အရှိန်အဝါတွေကို ပျောက်ကွယ်သွားစေသည်။ သူက ရှန်ဟိုင်းရဲ့ဆောင်းညချမ်းနဲ့ ပေါင်းစည်းသွားသလိုမျိုး တစ်မျိုးတစ်ဖုံ လိုက်ဖက်ညီနေခဲ့သည်။
"မင်းသူ့ကိုခေါ်လိုက်တာလား"
ကျန်းရုန်သူတို့ဆီလျှောက်သွားသည့်အခါ XIUရဲ့အမေးစကားကိုကြားလိုက်ရ၏။
လုပေါယွမ်က ပေါ့ပေါ့ပါးပါး "အင်း"ဟုဆိုလာကာ စီးကရက်ကို စားပွဲပေါ်ရှိလက်သုတ်ပုဝါပေါ်တွင် ချထားလိုက်သည်။ သူက သူဘေးဘက်ကထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး ကျန်းရုန်ကိုထိုင်ဖို့ ညွှန်ပြလာသည်။
ကျန်းရုန်လည်း ဘာမှမေးမနေတော့ပဲ ဝင်ထိုင်လိုက်၏။
"ကျစ် မင်းကဖြုန်းတီးနေတာပဲ" XIUက မီးမငြှိထားတဲ့ဆေးလိပ်ကို နောင်တရစွာနဲ့ ကြည့်နေသည်။
လုပေါယွမ် : "ငါမသောက်ဘူးလို့ပြောနေတာကို မင်းပဲအတင်းပေးသွားတာမလား"
"တစ်ယောက်တည်းသောက်ရတာ ဘာပျော်စရာကောင်းလို့လဲ" XIUကကျန်းရုန်ကိုကြည့်လိုက်ပြီး ဆေးလိပ်ဘူးကို သူ့ဆီပေးလာသည်။ "Soft မင်းသောက်......"
ကျန်းရုန် ဆေးလိပ်ဘူးကိုပြန်ပေးလိုက်၏။ "မသောက်တတ်ဘူး"
XIU : "......."
ကျန်းရုန်ရဲ့Livestreamတွေကို XIUတစ်ခါမှမကြည့်ဖူးပေမယ့် သူ့အကြောင်းတွေကိုတော့ ကြားဖူးလေသည်။
ပြောကြတာတော့ ဒီကောင်လေးက စိတ်ကြီးဝင်တတ်တယ်၊ "ငါ"စွဲကြီးတယ်၊ လှောင်ပြောင်သရော်နေတတ်သည်တဲ့။ ကောလဟာလတွေအရ သူ့ဆီကအပြစ်ပြောမခံရပဲ လွတ်မြောက်နိုင်သည့် pro playerအများကြီး မရှိဘူးဆိုပဲ။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~