[Unicode][Doufuကိုနိုင်ရင် မင်းကသခင်ကြီး၊ မနိုင်ရင်တော့ ငါတို့ကိုအဖေလို့လာမခေါ်ပဲ လစ်လိုက်တော့]
"သူကျွန်တော့်ကိုစောက်ပိန်းလို့ခေါ်သွားတယ်!!"
Squidရဲ့နားနေခန်းထဲ၌ တို့ဖူးမှာ ဒေါသကြောင့် လည်းပင်းပင်ရဲရဲတွတ်နေသည်။ သူကပြောလာ၏။ "မင်းတို့တစ်ယောက်မှမကြားလိုက်ဘူးလား?"
သူ့စကားကြောင့် အသင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ နည်းပြကပြောလာသည်။ "မင်းတအားစိတ်လှုပ်ရှားနေလို့ ကြားချင်တာတွေလျှောက်ကြားနေတာ ဖြစ်ပါလိမ့်မယ်....."
"တစ်ယောက်ယောက်က ကျွန်တော့်ကို "စောက်ပိန်း"လို့ခေါ်မှာကို ကျွန်တော်ကကြားချင်နေတယ်ပေါ့??" တို့ဖူးမှာ စိတ်ကုန်လွန်းလို့ အော်ပင်ရီလိုက်မိသည်။
"ဒါဆိုဘာလဲ" အသင်းမန်နေဂျာက မျက်မှောင်ကျုံ့လျက် "LPLကိုသွားပြီး "Softကကျွန်တော့်ကို စောက်ပိန်းလို့ တိတ်တိတ်လေးဆဲပါတယ် ဘယ်သူမှမကြားလိုက်ပေမယ့် သူဆဲတယ်ဆိုတာ ကျွန်တော်ကျိန်ရဲတယ် သူ့ကိုအပြစ်ပေးလို့ရမလားဗျ"လို့ သွားတိုင်မလို့လား?"
တို့ဖူး : "........"
တစ်ခုခုကို မြိုသိပ်ထားရတာက သူ့ကိုမသက်မသာဖြစ်စေသည်မို့ တို့ဖူးမှာ Softသူ့ကိုဆဲလာတဲ့အချိန် ချက်ချင်းပြန်ပြီးမတုံ့ပြန်လိုက်မိသည့် ကိုယ့်ကိုကိုယ်သာ ဒေါသလှိမ့်ထွက်လာတော့သည်။ ဘယ်သူကရော စောက်ကျိုးနည်း မကြာသေးခင်ကမှ ဒဏ်ငွေဆောင်ထားရတဲ့Softက လူမြင်ကွင်းကြီး backstageမှာဆဲလာမယ်လို့ ထင်ထားပါ့မလဲ။
"မင်းပြောတော့သူကအရပ်တအားပုတယ်ဆို?" တို့ဖူးမှ သူ့ရဲ့Supportကို မေးလိုက်ခြင်း၏။ "တကယ်တော့သူကငါ့ထက်တောင်ရှည်နေတယ်လေ?"
Squidရဲ့Supportက ရိုးရိုးသားသား ပြန်ဖြေလာလေသည်။ "ကျွန်တော်သူ့ကို အပြင်မှာတစ်ခါမှမမြင်ဖူးဘူးလေ သူ့ပရိတ်သတ်တွေ သူ့ကိုလူပုလေးတိုင်းပြည်ကလာတယ်လို့ ပြောတာကိုပဲ ကြားဖူးတာ.....ဒါမှမဟုတ် TTCကလူတွေက အရပ်တအားရှည်ကြတော့ သူကပုနေသလိုဖြစ်နေတာများလား?"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~