(Unicode)"မင်းခြေအိတ်တွေ ကိုယ့်ဂျက်ကတ်ထဲ ကျန်ခဲ့တယ်"
ကြံရာမရသည့်အဆုံး ကျန်းရုန်မှာ ကြမ်းပြင်ပေါ်လှဲချပြီး ကုတင်အောက်ကိုပင် ရှာကြည့်သေးသည်။ သို့သော်လည်း အနှီခြေအိတ်တစ်စုံကား ပျောက်ချင်းမလှပျောက်နေလေသည်။
ကျန်းရုန် သစ်သားကြမ်းခင်းပေါ် ထိုင်ချလိုက်ပြီး သေချာပြန်တွေးတောကြည့်လိုက်၏။ ပထမဆုံး သူ့စိတ်ထဲမှာပေါ်လာသည်ကတော့ လုပေါ်ယွမ်၏လက်ထဲ၌ သူ့ခြေအိတ်တွေကို ကိုင်ထားသည့်ပုံရိပ်ပင် ဖြစ်သည်။
အဲ့ဒီတော့မှ ကျန်းရုန် ကိုယ့်နဖူးကိုယ်ရိုက်လိုက်မိရင်း မှတ်ဥာဏ်တွေထဲ ပြန်ရှာဖွေကြည့်လိုက်၏။ လုပေါ်ယွမ်က ခြေအိတ်တွေကို ဆိုဖာပေါ်ကိုချလိုက်ကာ သူက ကောက်ကိုင်ပြီးပြန်ဝတ်လိုက်....နေဦး မဟုတ်သေးဘူး၊ သူပြန်မဝတ်လိုက်ဘူးမလား? အဲ့အစား သူက ဂျက်ကတ်ရဲ့အိတ်ကပ်ထဲ ထည့်လိုက်သည်ပင်။
တစ်နည်းဆိုရလျှင် လုပေါ်ယွမ်၏ဂျက်ကတ်ထဲကို ထည့်လိုက်မိခြင်း။
ကျန်းရုန် နောက်ထပ်တစ်ကြိမ် ကိုယ့်နဖူးကိုယ်ရိုက်လိုက်မိပြန်သည်။
သေလိုက်ပါတော့—ပြန်မပေးခင် သူအများကြီးစစ်ဆေးကြည့်လိုက်ပါတယ်။ ကော်လာတွေရော၊ ဂျက်ကတ်အနားလေးတွေတောင် မချန်ခဲ့ဘူးလေ။ အိတ်ကပ်တွေကို စစ်ကြည့်ဖို့မှ မေ့ရတယ်လို့။
အိတ်ကပ်ထဲကိုထည့်လိုက်စဥ်က အမှုမဲ့အမှတ်မဲ့ဖြစ်သွားပြီးတော့ ခြေအိတ်တစ်ဖက်စီကို တစ်အိတ်စီတွင် ထည့်လိုက်ခြင်းဖြစ်သည်။ အစကတည်းက ပါးသည့်ခြေအိတ်မှာ အိတ်ကပ်ပေါ်က အလှဆင်ထားသည့်အစတို့က ဖုံးထားသလိုဖြစ်နေသည်ကြောင့် အလွယ်တကူမမြင်ရတော့။
ကျန်းရုန် လုပေါ်ယွမ်ကို စာလှမ်းပို့မည်ဟု ရည်ရွယ်လိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။
“ခေါင်းဆောင် ကျွန်တော့်ခြေအိတ်တွေ ခေါင်းဆောင်ရဲ့ဂျက်ကတ်အိတ်ထဲမှာ ကျန်နေခဲ့တယ်”
ကျန်းရုန်ရဲ့လက်ချောင်းထိပ်တို့ တုံ့ခနဲရပ်သွား၏။
ဘယ်လိုဖြစ်လို့ ဒီလေသံကအရမ်းထူးဆန်းနေတာပါလိမ့်??
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~